• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မူဂျေအင်နှင့် ကင်ဂျုံအန် ပြုံယမ်း၌ တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-09-19 10:41:36

        မြောက်ကိုရီးယားနိုင်ငံ၌ အလည်အပတ် ရောက်ရှိနေသော တောင်ကိုရီးယားသမ္မတ မူဂျေအင်သည် ယခုလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် မြောက်ကိုးရီးယား နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ကင်ဂျုံအန် နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ယင်းတွေ့ဆုံပွဲကို မြောက်ကိုးရီးယား လုပ်သားပါတီ ဗဟိုကော်မတီ ရုံးချုပ်၌ ၂ နာရီကြာကျင်းပပြီး ကင်ဂျုံအန် က အဖွင့်မိန့်ခွန်းပြောကြားခဲ့ရာ မူဂျေအင်အား ကျေးဇူးတင်ကြောင်း ပြောကြားသည်။ ကင်ဂျုံအန် က မျက်မှောက်အချိန်တွင် မြောက်-တောင်ကိုရီးယားဆက်ဆံမှုနှင့် မြောက်ကိုရီးယား-အမေရိကန်ဆက်ဆံမှု အသင့်အတင့် ကောင်းမွန်လာပြီး အနီးတဝိုက် ဒေသတွင်းအခြေအနေလည်း ပိုမို တည်ငြိမ်ကာ ဖွံ့ဖြိုးတိုးတက်မှုသစ် ရရှိလိမ့်မည်ဟု ခန့်မှန်းရကြောင်း ပြောကြားသည်။

   Webradio