• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်း အပေါ် အမေရိကန်က အခွန် တိုးကောက်ရန် ဆုံးဖြတ်မှုအပေါ်၊ တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

(GMT+08:00) 2018-09-18 16:30:40

အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်း အပေါ် အမေရိကန်က အခွန် တိုးကောက်ရန် ဆုံးဖြတ်ခြင်းကိစ္စနှင့် ပတ်သက်ပြီး၊ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက၊ အမေရိကန်သည် ပြည်တွင်းပြည်ပမှ အများစုကြီးက ဆန့်ကျင် ကန့်ကွက်နေသော သဘောထားကို လျစ်လျူရှုပြီး စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်း အပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးကောက်ရန်၊ ဆက်လက်ပြီး အခြားသော အခွန် တိုးကောက်ရေး ဆောင်ရွက်မှုကိုလည်း ပြုလုပ်ရန် ကြေညာခဲ့ကြောင်း၊ ယင်းအပေါ် မိမိတို့ လွန်စွာ ဝမ်းနည်းမိကြောင်း၊ မိမိကိုယ်တိုင်၏ တရားမျှတသော အခွင့်အရေး၊ အကျိုးစီးပွါးနှင့် နိုင်ငံတကာ လွတ်လပ်စွာ ကုန်သွယ်ရေး စည်းစနစ်ကို ထိန်းသိမ်းရန်အတွက်၊ တရုတ်နိုင်ငံသည် မလုပ်မဖြစ် တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး ၄င်းက၊ အမေရိကန်က ဇွတ်အတင်း အခွန် တိုးကောက်ခြင်းသည် နှစ်ဖက် တိုင်ပင်ဆွေးနွေးမှု အပေါ် မတည်ငြိမ်ဖွယ်ရာများ ဖြစ်စေလိုက်ကြောင်း၊ အမေရိကန် အနေနှင့် ယင်းသို့သော လုပ်ရပ်ကြောင့် ဖြစ်စေနိုင်သော ဆိုးကျိုးများကို သိရှိနိုင်ပြီး ယုံကြည်ရသော နည်းလမ်းဖြင့် ပြုပြင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

   Webradio