• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ရှီးဇန့်ယဉ်ကျေးမှုကူးလူးဖလှယ်ရေးအဖွဲ့သည် မွန်ကိုးလီးယားတွင် ခရီးလှည့်လည်နေ

(GMT+08:00) 2018-09-18 13:16:59

မွန်ကိုးလီးယားနိုင်ငံတွင် ခရီးလှည့်လည်နေသော တရုတ်ရှီးဇန့်ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးအဖွဲ့သည် ယခုလ၁၇ရက်နေ့က မွန်ကိုးလီးယားဆိုင်ရာ တရုတ်သံရုံး၌ မွန်းကိုးလီးယားနိုင်ငံလောကအလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် ချစ်ခင်ရင်းနှီးစွာ ဆွေးနွေးပွဲနှင့် ကူးလူးဖလှယ်ပွဲကို ပြုလုပ်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

တရုတ်ရှီးဇန့်ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးအဖွဲ့ထဲတွင်  တရုတ်လူမှုနှင့် သိပ္ပံပညာတံခွန်အသင်းကြီးအသင်းဝင်ဟောရှီယွမ်သည် အဖွဲ့ဥက္ကဋ္ဌအဖြစ်ထမ်းဆောင်ပြီး တရုတ်နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးလူ့အခွင့်အရေးဦးစီးဌါနမှ အရာရှိများ၊ တရုတ်ရှီးဇန့်သုတေသနဌါနပညာရှင်များနှင့် ယွင်နန်ပြည်နယ်ဒီချင့်ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှ သက်ဆိုင်ရာအရာရှိနှင့် သက်ရှိဘုရားများပါဝင်ကြကြောင်း သတင်းရရှိပါသည်။

   Webradio