• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာအိုနှင့်ကမ္ဘောဒီးယား နယ်နိမိတ်အငြင်းပွားမှုဖြေရှင်းရေးနှင့်ပတ်သက်၍ သဘောတူညီ ချက်ရရှိခြင်းကို တရုတ်မြင်လို

(GMT+08:00) 2018-09-18 11:47:48

မကြာခင်က လာအိုနှင့်မ္ဘောဒီးယားတို့သည် နှစ်နိုင်ငံ နယ်နိမိတ်အငြင်းပွားမှုနှင့် ပတ်သက်၍ အရေးကြီးသော သဘောတူညီချက်ရရှိခဲ့သည်။ ယခုလ ၁၇ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကင်စွမ်က ယင်းအပေါ် ကြိုဆိုကြောင်း ပြောကြားသည်။

ထိုနေ့ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ကင်စွမ်က လာအိုနှင့် ကမ္ဘောဒီးယား တူညီသော အိမ်နီးချင်း၊ မိတ်ဆွေ ကောင်းအနေနှင့် တရုတ်နိုင်ငံသည် လာအိုနှင့်ကမ္ဘောဒီးယားနှစ်ဖက် ငြိမ်းချမ်းချစ်ကြည်သော စိတ်ဓါတ်ဖြင့် အငြင်းပွားမှုကို ကောင်းမွန်စွာ ဖြေရှင်းခြင်းကို ထောက်ခံမြဲထောက်ခံနေကြောင်း ပြောကြားသည်။

   Webradio