• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ ကမ္ဘာ့ AI အစည်းအဝေးသို့ ရှီကျင့်ဖိန်ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00) 2018-09-18 11:47:10

   ၂၀၁၈ခုနှစ် ကမ္ဘာ့ AI အစည်းအဝေးကို ယခုလ ၁၇ ရက်နေ့က ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့သည်။တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အစည်းအဝေးသို့ ဝမ်းမြောက် ကြောင်းသဝဏ်လွှာပေးပို့ခဲ့ရာ အစည်းအဝေးသို့ တက်ရောက်ကြသော နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်၊ နိုင်ငံအဖွဲ့အစည်းမှ တာဝန်ခံနှင့် ပညာရှင်၊ လုပ်ငန်းရှင်များအား လှိုက်လှဲစွာ ကြိုဆိုခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

   ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က မျိုးဆက်သစ် AI သည် တစ်ကမ္ဘာလုံး တွင် မြိုင်မြိုင်ဆိုင်ဆိုင်ဖွံ့ဖြိုးလာပြီး စီးပွားရေးလူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအားသစ် ထည့်သွင်းထားကာ ပြည်သူများ၏ နေထိုင်မှုအသွင်ပုံစံကို နက်ရှိုင်းစွာ ပြောင်းလဲနေကြောင်း ဖေါ်ပြထားသည်။

   Webradio