• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည်၊ ၇၃ကြိမ်မြောက် ကုလသမဂ္ဂ ယေ​ဘု​ယျ အချေအတင်ဆွေးနွေးပွဲသို့ တက်ရောက်မည်

(GMT+08:00) 2018-09-18 10:52:46

     ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို စက်တင်ဘာလ ၁၈ ရက်နေ့က နယူးယောက်မြို့ရှိ ကုလ သမဂ္ဂဌာနချုပ်ရုံး၌ ဖွင့်လှစ်လိုက်ပြီး၊ လာမည့် ၂၅ ရက်နေ့တွင် ယေဘုယျအချေအတင်ဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ ယင်းယေဘုယျအချေအတင်ပြောဆိုပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ ယခုလ ၁၇ ရက်နေ့က ကြေညာခဲ့သည်ဟု ဆင်ဟွာ သတင်း အရ သိရသည်။

ဒိုမီနီကန်နိုင်ငံခြားရေးဝန်ကြီး Vargas၊ ဂိုင်ယာနာနိုင်ငံ ဒု သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး Greenidge နှင့် ဆူရီနန်နိုင်ငံခြားရေးဝန်ကြီး Beighle တို့၏ ဖိတ်ကြားချက်အရ၊ ဝမ်ယိ သည်၊ စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ၊ ဒိုမီနီကန်၊ ဂိုင်ယာနာနှင့် ဆူရီနန် နိုင်ငံများတွင် တရားဝင်ခရီးလှည့်လည်သွားမည်ဟု သတင်းအရသိရသည်။

   Webradio