• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ အများပြည်သူ သိပံ္ပပညာအရည်အချင်း တိုးမြှင့်ရေး အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2018-09-18 09:49:00

နိုင်ငံတကာ အများပြည်သူ သိပံ္ပပညာအရည်အချင်း တိုးမြှင့်ရေး အစည်းအဝေးကို ယခုလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပီကင်း၌ ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ ဗဟို အတွင်းရေးမှူးဌာန အတွင်းရေးမှူး ဝမ်ဟုနင်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဖတ်ကြားပြီး မိန့်ခွန်း ပြောကြား ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အစည်းအဝေး၏ ဆောင်ပုဒ်မှာ သိပံ္ပပညာအရည်အချင်းနှင့် လူသား ကံကြမ္မာ အသိုက်အဝန်း ဖြစ်ပြီး နိုင်ငံတကာ သိပံ္ပနည်းပညာ အဖွဲ့စည်း ၂၃ ခုနှင့် နိုင်ငံ ၃၈ နိုင်ငံမှ သိပံ္ပပညာအဖွဲ့အစည်း ၅၈ ခုမှ ကိုယ်စားလှယ် ၁၀၀၀ ကျော်တို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio