• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်

(GMT+08:00) 2018-09-17 11:57:00

ဒုတိယ အကြိမ်မြောက် တရုတ် ကွမ်ရှီးပြည်နယ်နှင့် အာဆီယံ လယ်ယာစိုက်ပျိုးရေး သိပံ္ပနည်းပညာ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး နှီးနှောဖလှယ်ပွဲကို ယခုလ ၁၆ ရက်နေ့က နန်နင်းမြို့၌ ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင် တရုတ်နှင့် အာဆီယံ အကြား လယ်ယာထွက်ကုန်များ မျိုးကောင်းမျိုးသန့် ပျိုးထောင်ရေး အပါအဝင် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း၊ နှီးနှောဖလှယ်ပွဲ အတောအတွင်း တရုတ် ကွမ်ရှီး ပြည်နယ်နှင့် အာဆီယံ လယ်ယာစိုက်ပျိုးရေး ဆန်းသစ်တီထွင်ရေး စင်တာကို ဖွဲ့စည်း တည်ထောင်ပြီး၊ တရုတ်-အာဆီယံနိုင်ငံများ၏ လယ်ယာစိုက်ပျိုးရေး သိပံ္ပနည်းပညာနှင့် ကုန်ထုတ်လုပ်မှု အရည်အချင်းကို အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

ကွမ်ရှီးပြည်နယ် ဒုပြည်နယ်မှူး ဖမ်ချွင်မင်က၊ လယ်ယာစိုက်ပျိုးရေးသည် တရုတ်နှင့် အာဆီယံ စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေး၏ အဓိကနယ်ပယ် ဖြစ်ပြီး နှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရန် အလားအလာ ကောင်းမွန်ပါကြောင်း အစည်းအဝေးတွင် ပြောကြားပါသည်။

   Webradio