• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှုညွှန်ကြားရေးကော်မရှင် ၁၁ ကြိမ်မြောက် အစည်း အဝေးကျင်းပ

(GMT+08:00) 2018-09-17 11:08:03

     တရုတ်-ဗီယက်နမ် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ညွှန်ကြားရေးကော်မရှင် ၁၁ ကြိမ် မြောက်အစည်းအဝေးကို ယခုလ ၁၆ ရက်နေ့က ဟိုချီမင် မြို့တွင် ကျင်းပခဲ့ရာ၊ တရုတ် နိုင်ငံတော်ကောင်စီဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဗီယက်နမ်နိုင်ငံ ဒု ဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh တို့ အတူကြီးမှူးခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာန က ရေးသားဖော်ပြသည်။

ဝမ်ယိက ယမန်နှစ်က ၂ ပါတီ၊ ၂ နိုင်ငံတို့မှ အမြင့်ဆုံးခေါင်းဆောင်တို့သည်၊ သမိုင်းဝင် အပြန်အလှန်ခရီးလှည့်လည်ခဲ့ပြီး၊ ၂ နိုင်ငံ ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုအပေါ် မဟာဗျူဟာမြောက်စွာ စီမံခန့်ခွဲကာ၊ ခေတ်ကာလသစ်တွင် တရုတ်-ဗီယက်နမ် ဆက်ဆံမှုဖွံ့ဖြိုးရေးအတွက် လမ်းညွန်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးအပြီးတွင် ဝမ်ယိနှင့် Pham Binh Minh တို့သည်၊ အစည်းအဝေးမှတ်တမ်းကျဉ်းချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ အတူတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးမကျင်းပမီ ဝမ်ယိနှင့် Pham Binh Minh တို့သည်၊ အတူတကွ အရေးထားကြသည့် ပြဿနာများနှင့် စပ်လျဉ်း၍ နက်ရှိုင်းပွင့်လင်းစွာ အမြင်ချင်းဖလှယ် ခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio