• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်သွယ်ရေး အငြင်းပွါးမှုသည် နာလန်ပြန်ထူနေသော ကမ္ဘာ့စီးပွါးရေးကို ထိခိုက်နိုင်

(GMT+08:00) 2018-09-17 09:20:48

ယခုလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ၂၀၁၈ ခုနှစ် တရုတ် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် နှီးနှောဖလှယ်ပွဲတွင်၊ တရုတ် စီးပွါးရေး ပညာရှင်များက၊ မျက်မှောက် အချိန်တွင် ကုန်သွယ်ရေး အငြင်းပွါးမှုသည် နိုင်ငံစုံ ကုန်သွယ်ရေး စည်းစနစ် အားနည်းလာအောင် ထိခိုက်နေပြီး၊ ငွေကြေးအကျပ်အတည်း ဖြစ်စေနိုင်ကာ၊ နောက်ဆုံး၌ နာလန်ပြန်ထူ နေသော ကမ္ဘာ့စီးပွါးရေးကို ပြင်းထန်စွာ ဂယက်ရိုက်ခတ်နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ အစီရင်ခံစာအရ၊ ကုန်သွယ်ရေး အငြင်းပွါးမှု၏ ဂယက်ရိုက်ခတ်မှုကြောင့် ယခုနှစ် နိုင်ငံတကာ ကုန်သွယ်မှု တိုးတက်နှုန်းမှာ ၀့ ၃ ရာခိုင်နှုန်း ကျဆင်းသွားနိုင်မည် ဖြစ်ကြောင်း သိရပါသည်။

   Webradio