• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒေသခံ ဥပဒေပြုရေးလုပ်ငန်းကို ခေတ်နှင့်တပြေးညီ၊ ပြုပြင်ပြောင်းလဲရေးနှင့် တပြေးညီ တိုးတက်လာအောင် တွန်းအားပေးရမည်ဟု လိကျမ့်ရှူး ဆို

(GMT+08:00) 2018-09-16 10:01:12

၂၄ ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ဒေသခံ ဥပဒေပြုရေး လုပ်ငန်း ဆွေးနွေးပွဲကို ယခုလ ၁၅ ရက်နေ့က ဟန်ကျိုးမြို့၌ ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဆွေးနွေးပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ လိကျမ့်ရှူးက၊ ဒေသခံ ဥပဒေပြုရေးလုပ်ငန်းကို ခေတ်နှင့်တပြေးညီ၊ ပြုပြင်ပြောင်းလဲရေးနှင့် တပြေးညီ လက်တွေ့ကျကျ တိုးတက်လာအောင် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် ဥပဒေစည်းစနစ် ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် ကြိုးပမ်းအားထုတ်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio