• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ နိုင်ငံ အရာရှိများသည် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ချီးကျူး

(GMT+08:00) 2018-09-15 10:06:40

၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေးကို ယခုလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ အထိ တရုတ်ပြည် ကွမ်ရှီးပြည်နယ် နန်နင်းမြို့၌ ကျင်းပခဲ့ရာ အာဆီယံ ၁၀ နိုင်ငံ အပါအဝင် Belt and Road တလျှောက်မှ နိုင်ငံများ စုစုပေါင်း နိုင်ငံ ၂၉ နိုင်ငံမှ လုပ်ငန်း ကုမ္ပဏီ ၂၉၀၀ ကျော်တို့သည် ကုန်စည်ပြပွဲတွင် ပါဝင်နေကြပါသည်။ အာဆီယံ နိုင်ငံမှ အရာရှိများသည် ယင်းကုန်စည်ပြပွဲကို အသီးသီး ချီးကျူးခဲ့ကြသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံ SPLလက်ဖက်လုပ်ငန်း ကုမ္ပဏီမှ တာဝန်ခံ တစ်ဦးက၊ ကုန်စည်ပြပွဲတွင် နိုင်ငံအသီးသီးမှ ကုန်သည်များသည် ကုန်ပစ္စည်းများကို ခင်းကျင်း ပြသည့် အပြင် အတွေ့အကြုံများကိုလည်း ကူးလူးဖလှယ်နိုင်ကြောင်း ပြောကြားပါသည်။

   Webradio