• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုမိုများပြားသည့် လွတ်လပ်သောကုန်သွယ်ရေးဇုန်တည်ဆောက်ရန် ဆန္ဒရှိသည့် နိုင်ငံများနှင့်ညှိနှိုင်းဆွေးနွေးလိုကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနဆို

(GMT+08:00) 2018-09-14 15:46:43

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကောင်ဖုန်းက တရုတ်နိုင်ငံအနေနှင့် ပိုမိုများပြားသော လွတ်လပ်သောကုန်သွယ်ရေးဇုန်တည်ဆောက်ရန် ဆန္ဒရှိသည့် နိုင်ငံများနှင့်ညှိနှိုင်းဆွေးနွေးလိုကြောင်း ယခုလ ၁၃ ရက်နေ့က ပြောကြားသည် ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

ကောင်ဖုန်းက  တရုတ်နိုင်ငံသည် ခုချိန်အထိ နိုင်ငံနှင့်ဒေသ ၂၅ ခုနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် ၁၇ ခုကို ချုပ်ဆိုခဲ့ကြောင်း၊ လက်ရှိအချိန်တွင်  နိုင်ငံ ၂၇ နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲသို့မဟုတ် အဆင့်မြှင့်တင်ရေးစေ့စပ်ဆွေးနွေးပွဲ ၁၂ ခုကို ပြုလုပ်နေကြောင်း ပြောကြားသည်။

   Webradio