• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၅ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဟန်ကျိန့်တက်ရောက်

(GMT+08:00) 2018-09-13 11:11:37

       ၁၅ ကြိမ်မြောက် တရတ်-အာဆီယံကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးများအစည်းအဝေးကို ယခုလ ၁၂ ရက်နေ့ နံနက်ပိုင်းက ကွမ်ရှီးပြည်နယ် နန်နင်းမြို့တွင် ဖွင့်လှစ်ခဲ့ရာ၊ တရတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချုပ် ဟန်ကျိန့် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

 ထိုသို့မိန့်ခွန်းပြောကြားခဲ့ရာ၌ ဟန်ကျိန့်က တရုတ်နှင့် အာဆီယံသည်၊ တောတောင် ရေမြေချင်းဆက်စပ်သော အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းများ ဖြစ်ကြကြောင်း၊ တရုတ်-အာဆီယံမဟာဗျူဟာမိတ်ဆက်ဆက်ဆံမှုတည်ထောင်ခဲ့သည့် ၁၅ နှစ်အတွင်း အပြန်အလှန်အကျိုးရှိစေရေးပူးပေါင်းဆောင်ရွက်မှုတွင် အောင်ကျိုးရလဒ် များစွာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio