• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရှေ့မြောက် အာရှ စီးပွားရေး အဝိုင်းအဝန်း တည်ဆောက်ရေး အတွက် တရုတ် တွန်းအားပေးမှုသစ် ဖော်ဆောင်ပေး

(GMT+08:00) 2018-09-13 11:06:44

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၂ရက်နေ့က စတုတ္ထ အကြိမ်မြောက် အရှေ့တိုင်း စီးပွားရေး ဖိုရမ်တွင် "အရှေ့ဖျား ဖွံ့ဖြိုးရေး အခွင့်ကောင်း သစ်ကို အတူမျှဝေခံစားပြီး အရှေ့မြောက် အာရှတွင် ကောင်းမွန်သော အနာဂတ်ရေးကို ဖန်တီးပေးရန်" ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ရာ အခြေအနေသစ်မျိုးတွင် ဒေသတွင်း အေးချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး တွန်းအား ပေးခြင်းနှင့် ပတ်သက်၍ အပြန်အလှန် ယုံကြည်မှု တိုးပွားစေရေး၊ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ အပြန်အလှန် နည်းယူလေ့လာရေးနှင့် ရေရှည်အမြင်ထားရှိခြင်း ထင်မြင် ယူဆချက် ၄ချက်ကို တင်ပြခဲ့ကြောင်း၊ ယင်းသည် အရှေ့မြောက် အာရှ စီးပွားရေး အဝိုင်းအဝန်း တည်ဆောက်ရေးနှင့် ဒေသတွင်း ဘက်စုံ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေး အတွက် စီမံကိန်းချမှတ်ပြီး တွန်းအားပေးမှုသစ်ကို ဖော်ဆောင်ပေး ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အရှေ့မြောက် အာရှတွင် တရုတ်၊ ရုရှား၊ မွန်ဂိုလီးယား၊ တောင်ကိုးရီးယား၊ မြောက်ကိုးရီးယားနှင့် ဂျပန် စသည့် နိုင်ငံ ၆နိုင်ငံ ပါဝင်ပြီး လူဦးရေသည်လည်း ကမ္ဘာ့ စုစုပေါင်း လူဦးရေ၏ ၂၃ရာခိုင်နှုန်း ရှိကာ စီးပွားရေး ပမာဏသည် ကမ္ဘာ့ စီးပွားရေး စုစုပေါင်း ပမာဏ၏ ၁၉ရာခိုင်နှုန်း ရှိကြောင်း၊ ၂၀၁၅ခုနှစ်က အရှေ့တိုင်း စီးပွားရေး ဖိုရမ် တည်ထောင်ခြင်းသည် အရှေ့မြောက် အာရှ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အတွက် ပလက်ဖောင်းသစ်ကို ဖန်တီးပေးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အရှေ့မြောက် အာရှသည် ကမ္ဘာပေါ်၌ ရှေ့အလားအလာ အများဆုံးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန် အလျင်မြန်ဆုံးသော ဒေသများတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ သို့သော် တစ်ဖက်သတ် ဆောင်ရွက်ရေး၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဦးမော့လာခြင်းသည် အရှေ့မြောက် အာရှ ဒေသတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး အပေါ် ပြင်ပ အတားအဆီး ဖြစ်လာကြောင်း၊ ယင်းအခြေအနေမျိုးတွင် ဒေသတွင်း သဘောတူညီမှု စုစည်းပြီး ပွင့်လင်းမြင်သာမှု ရှိသော ဒေသတွင်း စီးပွားရေး တည်ဆောက်ကာ ပြည်သူများ အတွက် ပိုမိုများပြားသည့် ချမ်းမြေ့သာယာမှု ဖန်တီးပေးခြင်းသည် ဒေသတွင်း နိုင်ငံ အသီးသီး၏ ဘုံလိုအပ်ချက်နှင့် တောင်းဆိုချက် ဖြစ်လာကြောင်း စီအာအိုင်က ဖော်ပြသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မိန့်ခွန်းပြောကြားရာတွင် အရှေ့မြောက် အာရှ စီးပွားရေး အဝိုင်းအဝန်း တည်ဆောက်ရေး ဘုံရည်မှန်းချက်ကို တင်ပြခဲ့ကြောင်း၊ အမှန်တကယ်၌  အရှေ့မြောက် အာရှ စီးပွားရေး အဝိုင်း တည်ဆောက်ရေးသည် ခိုင်မာသည့် အခြေခံ အုတ်မြစ်ရှိကြောင်း၊ ပထမဦးဆုံး အနေဖြင့် အရှေ့မြောက် အာရှတွင် ပေါကြွယ်ဝသော သဘာဝ သယံဇာတ ရှိကြောင်း၊ ဒုတိယအချက်ကတော့ အရှေ့မြောက်အာရှဒေသ၏ သိပ္ပံသုတေသနပြုနိုင်စွမ်း သည် ကမ္ဘာ့ရှေ့တန်းတွင် ပြေးနေကြောင်း၊ တရုတ်၊ ရုရှား၊ ဂျပန်နှင့် တောင်ကိုးရီးယား တို့သည် သိပ္ပံနည်းပညာ နိုင်ငံကြီး ဖြစ်ကြပြီး အားသာချက်များ ကိုယ်စီရှိကြောင်း၊ တတိယ အချက်က အရှေ့မြောက် အာရှတွင် ငွေရင်း ဖူလုံကြောင်း၊ စတုတ္ထအချက်ကတော့ မကြာခင် နှစ်များက အဆက်မပြတ် ကောင်းမွန်လာသော ဒေသတွင်း လုံခြုံရေး အခြေအနေသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အတွက် ကောင်းမွန်သော အာမခံချက် ပေးနေကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က သင့်မြတ်သာယာမှု၊ အပြန်အလှန် ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်မှု ရှိသော အရှေ့မြောက် အာရှသည် နိုင်ငံ အသီးသီးတို့၏ အကျိုးစီးပွားနှင့် နိုင်ငံတကာ မိသားစုကြီးမှ မျှော်လင့်ချက်နှင့် ကိုက်ညီကြောင်းနှင့် ဒေသတွင်း နိုင်ငံများသည် ကိုယ့်အားသာချက်ကို ကိုယ်စီ အပြည့်အဝ ဖော်ထုတ်ပြီး နယ်ပယ် အသီးသီးတွင် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်စွမ်း ရှိသည်ဟု ပြောကြားကြောင်း၊ စီအာအိုင်က ဖော်ပြသည်။

အခြေအနေသစ်မျိုးတွင် ဘက်သီးသီးတို့ အကြား ပူးပေါင်းဆောင်ရွက်မှုကို မည်သို့ နက်ရှိုင်းစွာ ပြုလုပ်မလဲနှင့် ပတ်သက်၍ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဖွံ့ဖြိုးရေး မဟာဗျူဟာ ညီညွတ်စေရေး၊ နိုင်ငံဖြတ်ကျော် အခြေခံ အဆောက်အအုံ ဆိုင်ရာ အပြန်အလှန် ဆက်ဆံမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်လွယ်ကူစွာ ဆောင်ရွက်ခြင်း တိုးမြှင့်ရေး၊ ဒေသငယ် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေး စသည်များကို တင်ပြခဲ့ကြောင်း၊ ယင်းအကြံပြုချက်များသည် လမ်းညွှန်မှု၊ လက်တွေ့ဖော်ဆောင်နိုင်မှု ရှိကြောင်း၊ ပိုမို အရေးကြီးသည့်အချက်မှာ Belt and Road အဆိုပြုချက်သည် အရှေ့မြောက် အာရှတွင် သိရှိနားလည်မှု တဖြည်းဖြည်း ရရှိနေကြောင်း၊ ဒေသတွင်း နိုင်ငံများသည် Belt and Road အဆိုပြုချက် အပေါ် အားပေးထောက်ခံမှုရှိပြီး တက်ကြွစွာ ပါဝင်ရန် လိုအင်ဆန္ဒကို ဖော်ပြကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ပြည်နှင့် ရုရှားတို့သည် Belt and Roadတည်ဆောက်ရေးနှင့် ဥရောပ-အာရှ စီးပွားရေး မဟာမိတ်အဖွဲ့ အကြား ညီညွတ်စေရေးကို တက်ကြွစွာ ပြုလုပ်နေကာ အရေးကြီးသည့် ပဏာမ အောင်ကျိုးရလဒ် ရရှိခဲ့ပြီး ဖြစ်ကြောင်း၊ တရုတ်ပြည် အနေနှင့် ယင်းအခြေခံပေါ်တွင် ဘက်အသီးသီးတို့နှင့် ဖွံ့ဖြိုးရေး မဟာဗျူဟာ ဆိုင်ရာ ညီညွတ်စေရေးကို ပြုလုပ်လိုကြောင်း၊ အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ်နှင့် ပိုးလမ်းမကြီး ဖောင်ဒေးရှင်း အနေနှင့် ပိုမို အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် တရုတ်ပြည် အားပေးထောက်ခံပြီး လုပ်ငန်းအစီအစဉ် ဆိုင်ရာ ငွေရင်းပံ့ပိုးမှု ပေးမည်ဟု ပြောကြားကြောင်း၊ ယင်းသည် အရှေ့မြောက် အာရှ စီးပွားရေး အဝိုင်းအဝန်း တည်ဆောက်ရေး အတွက် ပိုမိုများပြားသည့် အခွင့် ကောင်းများ ဖန်တီးပေးမည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ရေရှည်ရှုထောင့်မှ ကြည့်လျှင် ပွင့်လင်းမြင်သာမှု ရှိသော အရှေ့မြောက် အာရှ စီးပွားရေး အဝိုင်းအဝန်းသည် ပြည်သူများ အတွက် ပိုမိုများပြားသည့် ချမ်းမြေ့သာယာမှုများ ဖန်တီးပေးပြီး ဘက်ပေါင်းစုံ ဝါဒ ထိန်းသိမ်းကာကွယ်ရေး၊ နိုင်ငံတကာ စည်းစနစ်ကို ပိုမို တရားမျှတအောင်နှင့် တရားနည်းလမ်းကျအောင် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးသည့် အရေးကြီး အင်အား ဖြစ်မည်ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio