• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်အား ကုန်သွယ်ရေး လက်စားချေမှု ပြုလုပ်ဖို့ WTO ခွင့်ပြုရန် တရုတ် တောင်းဆို

(GMT+08:00) 2018-09-12 12:18:25
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO က ယခုလ ၁၁ ရက်နေ့က ထုတ်ပြန်သော အစီအစဉ် အရ၊ WTO အငြင်းပွါးမှု ဖြေရှင်းရေးစနစ်ဆိုင်ရာဌာနသည် ယခုလ ၂၁ ရက်န့တွင် အထူး အစည်းအဝေးကို ကျင်းပပြီး ပုံအောရောင်းချမှု ဆန့်ကျင်ရေးဆိုင်ရာ အမေရိကန်၏ ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး တရုတ်ပြည်၏ စွဲချက်တင်မှုကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ ၉ ရက်နေ့တွင် ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသည် WTO အား ကုန်သွယ်မှုဆိုင်ရာ လက်စားချေမှု ပြုလုပ်ရန် အာဏာအပ်နှင်းဖို့ လျှောက်လွှာတင်သွင်းခဲ့ပြီး ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၇၀၀၀ တန်ဖိုးရှိ အမေရိကန် ကုန်ပစ္စည်းအပေါ် လက်စားချေ ဆောင်ရွက်မှု ပြုလုပ်ရန် တောင်းဆိုထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
   Webradio