• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် မီဒီယာ အုပ်စုသည် ယနေ့ရုရှား သတင်းဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ် ချုပ်ဆို

(GMT+08:00) 2018-09-12 09:10:06

ယခုလ ၁၁ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ရုရှား သမ္မတ ပူတင်တို့ ရှေ့မှောက်၌ တရုတ် မီဒီယာ အုပ်စု ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံနှင့် ယနေ့ရုရှား သတင်းဌာန ဥက္ကဋ္ဌ ကီစေလျိုဗှ်တို့သည် ရုရှား အရှေ့ဖျားမြို့ ဗလာဒီဗိုစတိုဂ်မြို့၌ တရုတ် မီဒီယာ အုပ်စုနှင့် ယနေ့ရုရှား သတင်းဌာန နိုင်ငံတကာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ဆို ချုပ်ဆိုခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယင်းစာချုပ်အရ၊ နှစ်ဖက်တို့သည် သတင်း ဖလှယ်ရေး၊ ပူးတွဲ သတင်း ထုတ်လွှင့်ရေးနှင့် ပူးပေါင်း သတင်းထုတ်လွှင့်ရေး စသည့်နယ်ပယ်များတွင် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရပါသည်။

တရုတ်မီဒီယာ အုပ်စုနှင့် ယနေ့ရုရှား သတင်းဌာနတို့သည် သတင်း အေပီပီ၊ လူမှုကွန်ရက်နှင့် အင်တာနက် စသည့် မီဒီယာသစ် နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် အားဖြည့်မည် ဖြစ်ကြောင်း၊ တရုတ်-ရုရှား မိုဘိုင်း မီဒီယာစုံ ပလက်ဖေါင်း ဖြစ်သည့် တရုတ်-ရုရှား သတင်း အေပီပီ လက်တွဲ တည်ထောင်ရေးကို တဆင့်တိုး နက်ရှိုင်းစွာ အကောင်အထည်ဖေါ်ဆောင်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ သတင်းများ သုံးသပ်ဝေဖန်ရေး လုပ်ငန်းအဖွဲ့ကို ပူးတွဲ ဖွဲ့စည်းမည် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် တရုတ်-ရုရှား ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ မီဒီယာကောင်စီ မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တွန်းအားပေးမည် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။

   Webradio