• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတိယအကြိမ်မြောက် တရုတ်-လက်တင်အမေရိက ဆွေးနွေးပွဲတွင် Belt and Road အဆိုပြုချက်ကို အာရုံစိုက်

(GMT+08:00) 2018-09-11 10:22:55

        ယခုလ ၈ ရက်နေ့မှနေ ၉ ရက်နေ့အထိ တရုတ် ကျန်းစူးပြည်နယ်အစိုးရ နိုင်ငံခြားရေးရာရုံး၊ တရုတ် လူမှုသိပ္ပံပညာတံခွန်အသင်းကြီး လက်တင်အမေရိက သုတေသနဌာနနှင့် တရုတ် နိုင်ငံခြားဘာသာ စာအုပ်ထုတ်ဝေရေးနှင့် ဖြန့်ချိရေး လုပ်ငန်း ဌာန ကျော်ဟွာ ထုတ်ဝေရေးဌာနတို့ ပူးတွဲ ကျင်းပပြီး မက္ကဆီကို ဗယ်ရာကရူဇာနာ တက္ကသိုလ်၏ အကူအညီဖြင့် နန်ကင်း ဘဏ္ဍာရေးနှင့် စီးပွားရေး တက္ကသိုလ်က တာဝန်ယူကျင်းပသော ဒုတိယအကြိမ် တရုတ်-လက်တင်အမေရိက ယဉ်ကျေးမှု ဆွေးနွေးပွဲကို ကျန်းစူးပြည်နယ် နန်ကင်းမြို့၌ ကျင်းပခဲ့ရာ "Belt and Road၊ တရုတ်-လက်တင်အမေရိက ဆွေးနွေးပွဲး လမ်းစဉ်" ဟူသော ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပြီး "Belt and Road နှင့် လက်တင်အမေရိကတိုက်၊ အခွင့်အရေးသစ်နှင့် စိန်ခေါ်မှုသစ်"ဟူသော တရုတ်ဘာသာစာအုပ်ကိုလည်း ထုတ်ဝေခဲ့ကြောင်း၊ တရုတ်နှင့် လက်တင်အမေရိကနိုင်ငံ ၁၃ နိုင်ငံမှ ပညာရှင်၊ အစိုးရအရာရှိ၊ နိုင်ငံခြားသံတမန်၊ လုပ်ငန်းရှင်နှင့် ယဉ်ကျေးမှုအကြောင်းအရာများ ထုတ်လွှင့်ရေးဌာနမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀ ကျော်တို့သည် ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရသိရပါသည်။

   Webradio