• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လိကန့်ရှူးသည် မြောက်ကိုးရီးယားနိုင်ငံ တည်ထောင်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက်

(GMT+08:00) 2018-09-11 10:22:20

        ယခုလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ  မြောက်ကိုးရီးယား လုပ်သားပါတီ ဗဟိုကော်မတီနှင့် မြောက်ကိုးရီးယားအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ လိကျန့်ရှူးသည် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အထူးသံတမန်အဖြစ် တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး မြောက်ကိုးရီးယားနိုင်ငံ၌ ခရီးလှည့်လည်ကာ မြောက်ကိုးရီးယားနိုင်ငံ တည်ထောင်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

        ယခုလ ၈ ရက်နေ့က လိကျန့်ရှူးသည် မြောက်ကိုးရီးယားနိုင်ငံ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ၊ မြောက်ကိုးရီးယား လုပ်သားပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင် ကင်ယုံနမ်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ၉ ရက်နေ့တွင် လိကျန့်ရှူးသည် ဖိတ်ကြားချက်အရ မြောက်ကိုးရီးယားနိုင်ငံ တည်ထောင်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် လိကျန့်ရှူးသည် တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တရုတ်-မြောက်ကိုးရီးယား ချစ်ကြည်ရေးစင်မြင့်ကို သွားရောက်ကာ ပြုံယမ်း ဆရာအတတ်သင်ကျောင်းကိုလည်း ကြည့်ရှုခဲ့သည်။

   Webradio