• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် မီဒီယာ အုပ်စု ရောနှောပေါင်းစပ် ဖွံ့ဖြိုးမှုတွင် အောင်မြင်မှုများ ရရှိ

(GMT+08:00) 2018-09-11 09:52:14

ယခုနှစ် မတ်လမှာ ပါတီနှင့် နိုင်ငံတော် ရုံးဌာနများ ပြုပြင်ပြောင်းလဲရေး စီမံကိန်း အရ၊ တရုတ် ဗဟို အသံလွှင့် ရုပ်မြင်သံကြား မီဒီယာ အုပ်စုကို ဖွဲ့စည်းပြီး ဧပြီလ ၁၉ ရက်နေ့တွင် တရားဝင် ဆိုင်းဘုတ်တင် တည်ထောင်ခဲ့ပါသည်။ မီဒီယာ အုပ်စုသည် ဗဟို ရုပ်မြင်သံကြားဌာန၊ ဗဟို ပြည်သူ့ အသံလွှင့်ဌာနနှင့် စီအာအိုင် အသံလွှင့်ဌာနများကို ရောနှောပေါင်းစပ်ပြီး အရှိန် ကောင်းမွန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်လာကာ အောင်မြင်မှုများကို ရရှိပြီ ဖြစ်ပါသည်။

မီဒီယာအုပ်စုကို ဖွဲ့စည်း တည်ထောင်ပြီးနောက်၊ မီဒီယာပေါင်းစုံ အစီအစဉ် ထုတ်လွှင့်မှုဆိုင်ရာ ခေတ်သစ်ကို ဖွင့်လှစ်လိုက်သည်ဟု ဆိုနိုင်ပါသည်။ ယခင် မီဒီယာ ဌာန သုံးခုမှ အစီအစဉ် ဦးစီး ပြုလုပ်သူများသည် ပိုအော် အာရှဖိုရမ်တွင် ပထမဆုံး အကြိမ် ပူးပေါင်းဆောင်ရွက်ပြီး ဖိုရမ် သတင်းများကို အချိန်နှင့်တပြေးညီ ဦးစီး ထုတ်လွှင့် ပေးခဲ့ပါသည်။ ဇွန်လမှာ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်အဖွဲ့ ချင်းတောင် ထိပ်သီး အစည်းအဝေးတွင်လည်း မီဒီယာ သုံးခုသည် ပထမဆုံးအကြိမ် အဖြစ် သတင်း အစီအစဉ်များကို အချိန်နှင့် တပြေးညီ ထုတ်လွှင့်ခဲ့ကြပါသည်။

ဧပြီလ ၂၂ ရက်နေ့က ပထမ အကြိမ် ဒစ်ဂျစ်တယ် ထိပ်သီးအစည်းအဝေးမှာ မီဒီယာ အုပ်စုသည် ခေတ်မီ အင်တာနက်နည်းပညာနှင့် ဒစ်ဂျစ်တယ် နည်းပညာဖြင့် မီဒီယာသစ် ပလက်ဖေါင်း တည်ထောင်ရေးဆိုင်ရာ အောင်ကျိုးရလဒ်များကို ပြသခဲ့ပါသည်။

ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ဗဟို ရုပ်မြင်သံကြား အစီအစဉ် ကြည့်ရှုမှုနှုန်းမှာ နေ့အချိန်၌ ၃၃့ ၃၁ ရာခိုင်နှုန်းနှင့် ညအချိန်၌ ၃၁့ ၅ ရာခိုင်နှုန်း အထိ ဖြစ်ကာ လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၀့ ၆ ရာခိုင်နှုန်း တိုးမြင့်လာသည်ဟု သိရပါသည်။

နောက်ဆုံးရ ၂၀၁၈ ခုနှစ် ပထမ သုံးလပတ်အတွင်း ဗဟို မီဒီယာဌာန ၁၀ ခုနှင့် ရုပ်မြင်သံကြားဌာန ၃၈ ခု၏ အင်တာနက် ထုတ်လွှင့်မှု စာရင်းဇယားအရ၊ မီဒီယာ အုပ်စု လက်အောက်ခံ ပလက်ဖေါင်း အသီးသီးတို့ အားလုံး ရှေ့ပြေးနေရာ၌ တည်ရှိနေပါသည်။ ဗဟို မီဒီယာဌာန ၁၀ ခုအနက် ဗဟို ရုပ်မြင်သံကြားဌာနသည် ပထမ နေရာ၌ တည်ရှိပြီး၊ စီအာအိုင် အသံလွှင့်ဌာနနှင့် ဗဟိုပြည်သူ့အသံလွှင့်ဌာနတို့သည် ဆဌမနှင့် အဌမ နေရာတွင် အသီးသီး တည်ရှိနေသည်ဟု သိရပါသည်။

နိုင်ငံတော်အဆင့် ပလက်ဖေါင်း အဖြစ်ဖြင့် မီဒီယာ အုပ်စုသည် မီဒီယာပေါင်းစုံ အဆင့်မြှင့်တင်ရေး လုပ်ငန်းကို တက်တက်ကြွကြွ တွန်းအားပေးပြီး၊ ကမ္ဘာ့ ရှေ့ပြေး နိုင်ငံတော်အဆင့် ခေတ်မီ မီဒီယာလုပ်ငန်း ထူထောင်ရန် ရည်မှန်းချက် အတိုင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးစနစ်များ ပိုမို ပြည့်စုံ ကောင်းမွန် လာအောင် အဆက်မပြတ် စူးစမ်းလေ့လာ ဆောင်ရွက်ကာ ကျေနပ်ဖွယ်ရာ အောင်ကျိုးရလဒ်များ ရရှိပါသည်။

   Webradio