• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လိကျန့်ရှူးနှင့် ကင်ဂျုံအန် တွေ့ဆုံပြီး ရှီကျင့်ဖိန်၏စာကို တစ်ဆင့် ပေးပို့

(GMT+08:00) 2018-09-10 10:05:42

        ယခုလ ၉ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အထူးသံတမန်ဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ လိကျန့်ရှူးသည် ပြုံယန်းမြို့၌ မြောက်ကိုးရီးယား လုပ်သားပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ကင်ကျွန်အန်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုသို့တွေ့ဆုံရာတွင် လိကျန့်ရှူးသည် ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ကင်ဂျုံအန်အား ချစ်ခင်ရင်းနှီးသော နှုတ်ခွန်းဆက်သခြင်းကို တစ်ဆင့်ပြောကြားပြီး ရှီကျင့်ဖိန်၏စာကိုလည်း ပေးအပ်ခဲ့သည်။ လိကျန့်ရှူးက မြောက်ကိုးရီးယားနိုင်ငံ တည်ထောင်ခဲ့သည့် နှစ် ၇၀ပြည့် အထိမ်းအမှတ်ပြုခြင်းသည် မြောက်ကိုးရီးယားနိုင်ငံ၊ ပါတီနှင့် ပြည်သူပြည်သားများအတွက် ဝမ်းမြောက်ဂုဏ်ပြုဖွယ်ရာကိစ္စတစ်ရပ်ဖြစ်ပြီး ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ၄င်းကို အလွန်အလေးထားပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူအဖြစ် မိမိကို စေလွှတ်ခဲ့ကြောင်း၊ မိမိသည် တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရနှင့် ပြည်သူပြည်သားများကိုယ်စား မြောက်ကိုးရီးယား လုပ်သားပါတီ၊ အစိုးရနှင့် ပြည်သူပြည်သားများအား လှိုက်လှဲစွာ ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

   Webradio