• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၅ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ ဟန်ကျင့် တက်ရောက်မည်

(GMT+08:00) 2018-09-08 16:12:39

၁၅ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးကို ယခုလ ၁၂ရက်နေ့မှ ၁၅ရက်နေ့ အထိ တရုတ်ပြည် ကွမ်ရှီးပြည်နယ် နန်နင်းမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ် ဟန်ကျင့်နှင့် သက်ဆိုင်ရာ နိုင်ငံများမှ ထိပ်သီးခေါင်းဆောင် များသည် ဖွင့်ပွဲ အခမ်းအနားနှင့် အခြား လှုပ်ရှားမှုများသို့ တက်ရောက်ကြမည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယင်က ယခုလ ၇ရက်နေ့က ကြေညာသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio