• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဖရိက အရပ်ဘက် စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဟန်ကျိုး၌ ကျင်းပ

(GMT+08:00) 2018-09-07 09:53:09

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်း ထိပ်သီး အစည်းအဝေး၏ တွဲဖက် လှုပ်ရှားမှုတစ်ခု အဖြစ်၊ တရုတ်-အာဖရိက အရပ်ဘက် စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ယခုလ ၆ ရက်နေ့က ဟန်ကျိုးမြို့၌ ကျင်းပခဲ့ကြောင်း၊ ရည်ရွယ်ချက်မှာ ပီကင်း ထိပ်သီးအစည်းအဝေး၏ အောင်ကျိုးရလဒ်များကို အကောင်အထည် ဖေါ်ဆောင်ပြီး တရုတ်-အာဖရိက လုပ်ငန်းကုမ္ပဏီများအကြား ချစ်ကြည်ရေး ကူးလူးဖလှယ်မှုနှင့် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအား ပေးရန် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ်နှင့် အာဖရိကနိုင်ငံများမှ နိုင်ငံရေးနှင့် ကုန်သွယ်ရေး လောကမှ ပုဂ္ဂိုလ် ၃၀၀ ကျော်တို့သည် ယင်းဖိုရမ်သို့ တက်ရောက်ခဲ့ကြပြီး တရုတ် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုဥက္ကဋ္ဌ၊ တရုတ် အမျိုးသား ပြည်လုံးဆိုင်ရာ စက်မှုနှင့် ကုန်သွယ်မှု သမဂ္ဂ ဥက္ကဋ္ဌ ကောယွင်လုံသည် ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio