• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပီကင်း ထိပ်သီး အစည်းအဝေးသည် တရုတ်-အာဖရိက ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အနက်သဘော ပိုမို နက်ရှိုင်းလာစေသည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-09-07 09:51:32

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်း ထိပ်သီး အစည်းအဝေးကို ကျင်းပ ပြီးစီးခဲ့ပါသည်။ ယခုလ ၆ ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပီကင်း၌ အာဖရိက နိုင်ငံအသီးသီးမှ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်ခဲ့ပါသည်။ ရှီကျင့်ဖိန်က၊ ပီကင်း ထိပ်သီး အစည်အးဝေးသည် တရုတ်-အာဖရိက ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၏ အနက်သဘော ပိုမို နက်ရှိုင်းလာစေပြီး တရုတ်နိုင်ငံသည် အာဖရိက နိုင်ငံများအား ပိုမိုများပြားသော အပြုသဘောဆောင်သော အကူအညီများ ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

အလယ်အာဖရကနိုင်ငံ သမ္မတ တိုဝါဒေရာနှင့် တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ သမ္မတ တိုဝါဒေရာသည် ထိပ်သီးအစည်းအဝေး၏ စားပွဲဝိုင်း အစည်းအဝေးတွင် ရသမြောက်သည့် မိန့်ခွန်း ပြောကြားပြီး တရုတ်-အာဖရိက ဆက်ဆံမှုကို မြင့်မားစွာ ချီးကျူးခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် လက်တွဲပြီး Belt and Road တည်ဆောက်ရန်နှင့် ပီကင်း ထိပ်သီး အစည်းအဝေး အောင်ကျိုးရလဒ်များကို အကောင်အထည် ဖေါ်ဆောင်ရန် ပြင်းပြသော ဆန္ဒကို ဖေါ်ပြကာ ကံကြမ္မာ အသိုက်အဝန်းကို အတူ တည်ထောင်ရန် ဆန္ဒကိုလည်း တင်ပြထားကြောင်း၊ ယင်းအပေါ် မိမိ လွန်စွာ ချီးကျူးပါကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်နှင့် ယူဂန္ဓာ သမ္မတတို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ယူဂန္ဓာ သမ္မတ မူစေဗေနီက၊ တရုတ်ပြည် ထောက်ပံ့သော အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းစဉ်များသည် ယူဂန္ဓာ၏ စီးပွါးရေး ယှဉ်ပြိုင်စွမ်းအားကို ထင်ရှားသိသာစွာ တိုးမြှင့်ပေးခဲ့ကြောင်း ပြောကြားပါသည်။

   Webradio