• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရတ်ဆင်းရဲမှုပပျောက်ရေးရန်ပုံငွေသည် မြန်မာပြည်သူလူထု၎သောင်းအတွက် အကျိုးဆောင်

(GMT+08:00) 2018-09-06 14:32:23

တရုတ်ဆင်းရဲမှုပပျောက်ရေးရန်ပုံငွေအဖွဲ့မြန်မာနိုင်ငံတွင် ရုံးထားရှိခဲ့သည့် ၃နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယခုလ၅ရက်နေ့က ရန်ကုန်တက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် အခမ်းအနား၌ တရုတ်ဆင်းရဲမှု ပပျောက်ရေးရန်ပုံငွေ အဖွဲ့အမြဲတမ်းဒုအတွင်းရေးမှူးချုပ် ချင်ဟုန်ထောက လွန်ခဲ့သည့်၃နှစ်အတွင်း ရန်ပုံငွေ၏လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံရှိတိုင်းနှင့်ပြည်နယ် ၈ခုမှ လူပေါင်း၄၀၅၈၈ဦးအတွက် အကျိုးဆောင်ပေးခဲ့သည်ဟု ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနိုင်ငံရေးသံမှူး ယန်ရှိုကျင်းက တရုတ်ဆင်းရဲမှု ပပျောက်ရေး ရန်ပုံငွေအဖွဲ့သည် ပညာရေးနှင့်လေ့ကျင့်ပျိုးထောင်ရေး၊ ဆေးဝါး ကုသရေးနှင့်ကျန်းမာရေးနှင့် ပတ်ဝန်းကျဉ်ထိန်းသိမ်းကာကွယ်ရေးစသော နယ်ပယ် များတွင် မြန်မာပြည်သူလူထုများအား လက်တွေ့ကျ ကူညီပံ့ပိုးမှုပေးခဲ့ကြောင်း ထိုနေ့ကအခမ်းအနား၌ မိန့်ခွန်းပြောကြား ခဲ့သည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ သုတေသနရေးရာရုံးဥက္ကဋ္ဌ သန်းစိုးဦးအသံက လွန်ခဲ့သည့် ၃နှစ်အတွင်း တရုတ်ဆင်းရဲမှုပပျောက်ရေးရန်ပုံငွေအဖွဲ့သည် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ကျောင်းသူကျောင်းသား ၂၀၀အား ပညာသင်ထောက်ပံ့ကြေးကို ပံ့ပိုးပေးခဲ့ကြောင်း သတင်းထောက်များအား ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio