• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ခုနှစ် တရုတ် ဝန်ဆောင်မှုလုပ်ငန်း သွင်းကုန်ပို့ကုန်ပမာဏမှာ တရုတ်ယွမ်ငွေ ဘီလီယံပေါင်း ၂၉၀၀ ကျော်ရှိ

(GMT+08:00) 2018-09-06 11:58:27

        တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ယခုလ ၅ ရက်နေ့က ထုတ်ပြန်သော ကိန်းဂဏန်းအရ ယခုနှစ် ပထမ ၇ လအတွင်း တရုတ်ပြည်၏ ဝန်ဆောင်မှုလုပ်ငန်း သွင်းကုန်ပို့ကုန်ပမာဏသည် လျင်မြန်စွာ တိုးများလာပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၉့၉ ရာခိုင်းနှုန်း တိုးများလာ၍ တရုတ်ယွမ်ငွေ ဘီလီယံပေါင်း ၂၉၀၀ ကျော်ရှိကာ စံချိန်သစ် တင်ခဲ့ကြောင်း၊ ၄င်းအနက် ပို့ကုန်ပမာဏမှာ တရုတ်ယွမ်ငွေ ဘီလီယံ ၉၈၀ကျော် ရှိပြီး ၁၄့၆ ရာခိုင်နှုန်း တိုးများလာကြောင်း၊ သွင်းကုန်ပမာဏသည် တရုတ်ယွမ်ငွေ ဘီလီယံ  ၁၉၈၀ကျော် ရှိပြီး ၇့၇ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏသည် တရုတ်ယွမ်ငွေ ဘီလီယံ ၁၀၀၀ ကျော် ပိုများကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio