• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ မော်ရိုကို၊ တူနီးရှား၊ အယ်လ်ဂျီးရီးယားနိုင်ငံ ဝန်ကြီးချုပ်များနှင့် အသီးသီး တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2018-09-06 11:14:32

     တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၅ ရက်နေ့က ပီကင်းပြည်သူ့ ခန်းမဆောင်ကြီးတွင် မော်ရိုကိုနိုင်ငံ ဝန်ကြီးချူပ်  Othmani ၊ တူနီးရှားနိုင်ငံဝန်ကြီးချုပ်  Chahedနှင့် အယ်လ်ဂျီးရီးယားနိုင်ငံ ဝန်ကြီးချုပ် Ouyahia နှင့် အသီးသီး တွေ့ဆုံ နှုတ်ဆက်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

မော်ရိုကို ဝန်ကြီးချုပ် Othmani နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ ရှီကျင့်ဖိန်က တရုတ်- မော်ရိုကို ပေါင်းသင်းဆက်ဆံမှုသည်၊ ရှေးဝေဏီကာလမှစ၍ တည်ရှိခဲ့ကြောင်း၊ ယခုနှစ်သည်၊ တရုတ်-မော်ရိုကိုသံအဆက်အသွယ်ထားရှိခဲ့သည့် နှစ် ၆၀ပြည့်မြောက် နှစ်ဖြစ်ပြီး၊ တရုတ် ပြည်အနေနှင့်၊ မော်ရိုကိုနှင့်အတူ ကြိုးပမ်း၍ တရုတ်-မော်ရိုကို ဆက်ဆံမှုတွင် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတကမှုရရှိရန် တွန်းအားပေးလိုကြောင်း ပြောကြား ခဲ့သည်။

တူနီးရှားဝန်ကြီးချုပ် Chahed နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ ရှီကျင့်ဖိန်က အခြေအနေ မည်သို့ပြောင်းလဲပြောင်းလဲ၊ တရုတ်-တူနီးရှားအစဉ်အလာချစ်ကြည်ရေးပြောင်းလဲသွားမည် မဟုတ်ကြောင်း၊ လက်ရှိတရုတ်-တူနီးရှားဆက်ဆံမှုသည်၊ ရှင်သန်တည်ငြိမ်စွာ တိုးတက် လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အယ်လ်ဂျီးရီးယားဝန်ကြီးချုပ် Ouyahia နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ ရှီကျင့်ဖိန်က တရုတ်-အယ်လ်ဂျီးရီးယားအစဉ်အလာချစ်ကြည်ရေးသည်၊ နက်ရှိုင်းကြံ့ခိုင်ကြောင်း၊ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုသည်၊ လျင်မြန်စွာ တိုးတက်လာပြီး၊ နယ်ပယ် အသီးသီးမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် အောင်ကျိုးရလဒ်များစွာ ရရှိခဲ့ ကြောင်းပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio