• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Arif Alvi သည်၊ ပါကစ္စတန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိ

(GMT+08:00) 2018-09-05 14:33:25

      ယခုလ ၄ ရက်နေ့က  ကျင်းပသည့် ပါကစ္စတန် သမ္မတ ရွေးကောက်ပွဲတွင်၊ အာဏာရ PTI-ပါတီမှ သမ္မတအရွေးခံရန် ပုဂ္ဂိုလ် Arif Alvi သည်၊ ထောက်ခံမဲများစွာဖြင့် အနိုင်ရရှိခဲ့ သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

Arif Alvi သည်၊ ယခုနှစ် အသက် ၆၉ နှစ်အရွယ်ရှိပြီး၊ ၂၀၁၃ခုနှစ် က အမျိုးသား လွှတ်တော်အမတ်အဖြစ်အရွေးခံခဲ့ရပြီး၊ ယခုနှစ်တွင် ထပ်မံအရွေးခံရခြင်းဖြစ်သည်။

ယခုနှစ် မေလ ၃၁ ရက်နေ့က ပါကစ္စတန်အစိုးရနှင့် အမျိုးသားလွှတ်တော်က သက်တမ်းစေ့ခဲ့ပြီး ဖျက်သိမ်းခဲ့သည်။ ဇူလိုင်လ ၂၅ ရက်နေ့က ပါကစ္စတန် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲတွင် PTI-ပါတီသည်၊ အမျိုးသားလွှတ်တော်မှ အကြီးဆုံးပါတီဖြစ်လာခဲ့သည်။ သြဂုတ်လ ၁၇ ရက်နေ့က၊ PTI-ပါတီ ဥက္ကဋ္ဌ Imran Khan သည်၊ ဝန်ကြီးချုပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး၊ ၁၈ ရက်နေ့က အစိုးရဝန်ကြီးချုပ်အဖြစ် စတင်တရားဝင်ထမ်းဆောင်ခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio