• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပူးတွဲ သဘာပတိနိုင်ငံဟောင်းနှင့် ပူးတွဲ သဘာပတိနိုင်ငံသစ် ခေါင်းဆောင်များနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

(GMT+08:00) 2018-09-05 09:15:04

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်း ထိပ်သီး အစည်းအဝေးကို ယခုလ ၄ ရက်နေ့က ပီကင်း၌ ကျင်းပ ပြီးစီးခဲ့ပြီးနောက် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဖိုရမ်၏ ပူးတွဲ သဘာပတိနိုင်ငံဟောင်း တောင်အာဖရိကနိုင်ငံ သမ္မတ လာမာဖူစာ၊ ဖိုရမ် ပူးတွဲ သဘာပတိနိုင်ငံအသစ် ဆီနီဂေါ နိုင်ငံ သမ္မတ စာလေတို့သည် ပြည်သူ့ခန်းမဆောင်ကြီး၌ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်နှင့် အာဖရိက ခေါင်းဆောင်များသည်၊ တာဝန် ဝတ္တရားများကို အတူ ထမ်းဆောင်သော၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုး ရရှိသော၊ ချမ်းမြေ့မှုများကို အတူ မျှဝေခံစားသော၊ ယဉ်ကျေးမှု အတူ ထွန်းကားသော၊ လုံခြုံရေးကို လက်တွဲ ထူထောင်သော၊ သင့်မြတ်ဖေါ်ရွေစွာ အတူယှဉ်တွဲနေထိုင်သော တရုတ်-အာဖရိက ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ တည်ထောင်ရန် တညီတညွတ်တည်း သဘောတူကြကြောင်း ပြောကြားပါသည်။

သမ္မတ လာမာဖူစာနှင့် စာလေတို့က မိန့်ခွန်း ပြောကြားရာ၌၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် တည်ထောင်ခဲ့သည့် ၁၈ နှစ်အတွင်း နှစ်ဖက်အကြား၊ အထူးသဖြင့် အာဖရိကနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် ကောင်းမွန်သော ပလက်ဖေါင်း ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio