• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဖရိကနိုင်ငံများအတွက် မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဂေဟစနစ် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုအွေက် ထောက်ပံ့ကူညီရေး လုပ်ငန်းရပ်ပေါင်း ၅၀ ကို တရုတ် ဆောင်ရွက်ပေးမည်

(GMT+08:00) 2018-09-03 17:59:16

        တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်က အနာဂတ်အချိန်ပိုင်းတစ်ပိုင်းအတွင်း တရုတ်ပြည်သည် အာဖရိကနိုင်ငံများအတွက် မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဂေဟစနစ် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုအတွက် ထောက်ပံ့ကူညီရေး လုပ်ငန်းရပ်ပေါင်း ၅၀ ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းရပ်များသည် ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ရေး၊ အဏ္ဏယဝါရေးရာ ပူးပေါင်းဆောင်ရွက်ရေး၊ သဲကန္တရမဖြစ်အောင် ကြိုတင်ကာကွယ်ရေး၊ တောရိုင်း တိရစ္ဆာန်နှင့် ရုက္ခပင်များ ထိန်းသိမ်းကာကွယ်ရေး စသည့် နယ်ပယ်များမှ ကူးလူးဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး တရုတ်-အာဖရိက ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာ တည်ဆောက်ရေးကို တွန်းအားပေးကာ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု စီမံခန့်ခွဲရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ကြိုတင်ကာကွယ်ရေး၊ မြစိမ်းရောင် စီးပွားရေး စသည့် နယ်ပယ်များတွင် တရုတ်-အာဖရိက မြစိမ်းရောင် ကိုယ်စားလှယ် အစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့အပြင် တရုတ်-အာဖရိက ဝါးစင်တာ တည်ဆောက်ပြီး အာဖရိကနိုင်ငံများ၌ ဝါးထည်နှင့်ကြိမ်ထည်လုပ်ငန်း ဖွံဖြိုးတိုးတက်ရေးကို အကူအညီပေးကာ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ပညာပေးရေးဘက်တွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio