• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်မှ အာဖရိကအဖွဲ့ဝင် ၅၄ ခုတို့သည်၊ တရုတ်ပြည်တွင် သံရုံး သို့မဟုတ် ကိုယ်စားလှယ်ရုံးများ စိုက်ထားကြသည်ဟု ဝမ်ယိ ဆို

(GMT+08:00) 2018-09-03 14:58:45

      ယခုလ ၂ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ ပီကင်းတျောက်ယွီထိုင်-ဧည့်ဂေဟာ၌ တရုတ်-အာဖရိကပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် ၇ ကြိမ်မြောက် ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် အာဖရိက နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ၊ တရုတ်နိုင်ငံဆိုင်ရာ အာဖရိကသမဂ္ဂ ကိုယ်စားလှယ်ရုံးနှင့် တရုတ်နိုင်ငံဆိုင်ရာ ဘာကီနညဖာဆိုသံရုံးမှ ရုံးဖွင့်ပွဲအခမ်းအနားကို ကြီးမှူးကျင်းပခဲ့ကြကြောင်း စီအာအိုင်ကဖော်ပြသည်။

အခမ်းအနားတွင် ဝမ်ယိက တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှုဖိုရမ်မှ အာဖရိက အဖွဲ့ဝင် ၅၄ ခုတို့သည်၊  တရုတ်ပြည်တွင် သံရုံးသို့မဟုတ် ကိုယ်စားလှယ်ရုံးများကို စိုက်ထားခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio