• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးချန်ပီယံ တောင်ကိုးရီးယားအသင်း စစ်မှုထမ်း ခြင်းရမှ ကင်းလွှတ်ခွင့်ရ

(GMT+08:00) 2018-09-03 14:53:04

(၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့တဲ့ တောင်ကိုးရီးယားအမျိုးသားလက်ရွေးစင် ယူ-၂၃အသင်းဟာ စစ်မှုထမ်းရ ခြင်းမှ ကင်းလွှတ်ခွင့်ရခဲ့တယ်လို့သိရပါတယ်။ တောင်ကိုးရီးယားအသင်းဟာ ဗိုလ်လုပွဲမှာ ဂျပန်အသင်းကို (၂)ဂိုးတစ်ဂိုးနဲ့အနိုင်ခဲ့ပြီး (၅)ကြိမ်မြောက် ချန်ပီယံဖြစ်လာခဲ့ပါတယ်။ အခု နှစ် အာရှ အားကစားပြိုင်ပွဲစတင်ကျင်းပချိန်က တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်က တောင်ကိုးရီးယားလက်ရွေးစင်အသင်းအနေနဲ့ ပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့ပါက စစ်မှုထမ်းရခြင်း မှ ကင်းလွှတ်ခွင့်ပြုမယ်လို့ ပြောဆိုထားခဲ့တာကြောင့် အခုချိန်ပီယံဖြစ်ခဲ့တဲ့ တောင်ကိုးရီး ယား ယူ-၂၃ အသင်းဟာ စစ်မှုထမ်းရခြင်းမှ ကင်းလွှတ်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကိုးရီးယားအားကစားအဖွဲ့အနေဖြင့်လည်း ရွှေတံဆိပ်(49)ခု ငွေတံဆိပ်(58)ခု၊ ကြေးတံဆိပ်(70)ခုစုစုပေါင်းဆုတံဆိပ်(177)ခုဖြင့် နိုင်ငံအလိုက်တတိယနေရာမှာ ရပ်တည် နိုင်ခဲ့တယ်လို့ သိရပါတယ်။

အာရှအားကစားပြိုင်ပွဲသက်တမ်းတစ်လျှောက် အမျိုးသားဘောလုံး ပြိုင်ပွဲမှာ ချန်ပီယံ(၅)ကြိမ်ဖြင့် တောင်ကိုးရီးယားအသင်းက အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိပြီး အီရန်က (၄)ကြိမ်ဖြင့် ဒုတိယ၊ အိန္ဒိယ၊မြန်မာနဲ့ တရုတ်တိုင်ပေတို့က (၂)ကြိမ်စီဖြင့် တတိယဖြင့် အသီးသီးရပ်တည်လျက်ရှိနေပါတယ်။

   Webradio