• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် သတ္တမအကြိမ် ဝန်ကြီးများအဆင့် အစည်းအဝေးကို ပီကင်း၌ ကျင်းပ

(GMT+08:00) 2018-09-02 16:37:37

        တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် သတ္တမအကြိမ် ဝန်ကြီးများအဆင့် အစည်းအဝေးကို ယခုလ ၂ ရက်နေ့က ပီကင်းမြို့ရှိ တျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ တရုတ်ကုန်သွယ်ရေးဝန်ကြီး ကျွန်းစန်း၊ တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး လင်ဒီဝေ-ဆီလူလူနှင့် တောင်အာဖရိက ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီး ရော်ဘာ-ဟေဒိန်-ဒေးဗစ်တို့သည် ယင်းအစည်းအဝေးကို ပူးတွဲဦးစီးကျင်းပခဲ့ကြောင်း၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် အာဖရိကတိုက်ဘက်မှ အဖွဲ့ဝင်နိုင်ငံ ၅၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၊ နိုင်ငံတကာ စီးပွားကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဖရိကသမဂ္ဂမှ အဆင့်မြင့်ကိုယ်စာလှယ်များသည် ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ယင်းအစည်းအဝေးတွင် "ပိုမိုရင်းနှီးသော တရုတ်-အာဖရိက ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေးဆိုင်ရာ ပီကင်းကြေညာစာတမ်း" နှင့် "တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ ပီကင်း ဆောင်ရွက်မှုများ အစီအစဉ် ၂၀၁၉-၂၀၂၁" စာတမ်းနှစ်ရပ်၏မူကြမ်းများကို အတည်ပြုပြီး တရုတ်-အာဖရိက ခေါင်းဆောင်များ တက်ရောက်ကြမည့် ပီကင်း ထိပ်သီး အစည်းအဝေးတွင် တရားဝင် အတည်ပြုရန် တင်ပြမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio