• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နေရောင်ခြည်စွမ်းအင် ကုန်ပစ္စည်းအပေါ် ပုံအောရောင်းချမှုနှင့် ထောက်ပံ့ကြေးပေးမှု ဆန့်ကျင်ရေး ဆောင်ရွက်မှု ဥရောပ ရပ်စဲ၊ တရုတ်ပြည်ဘက် ကြိုဆို

(GMT+08:00) 2018-09-02 10:30:59

ဥရောပသမဂ္ဂ ကော်မတီက၊ တရုတ်ပြည် နေရောင်ခြည်စွမ်းအင် ကုန်ပစ္စည်း အပေါ် ပုံအောရောင်းချမှုနှင့် ထောက်ပံ့ကြေးပေးမှု ဆန့်ကျင်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို စက်တင်ဘာလ ၃ ရက်နေ့တွင် ရပ်စဲမည် ဖြစ်ကြောင်း သြဂုတ်လ ၃၁ ရက်နေ့က ကြေညာ ခဲ့ပါသည်။

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက၊ ဥရောပသမဂ္ဂ၏ ယင်းလုပ်ရပ်ကို ကြိုဆိုကြောင်း၊ ယင်းသည် ကုန်သွယ်ရေး အငြင်းပွါးမှုကို တိုင်ပင် ဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းရေးဆိုင်ရာ စံနမူနာ ဖြစ်ပြီး နှစ်ဖက် ကုန်ထုတ်လုပ်မှု ဆိုင်ရာ အပြန်အလှန် အကျိုးရှိစေရေးကို တကယ်စင်စစ် ဖေါ်ဆောင်စေမည် ဖြစ်ကြောင်း ယခုလ ၁ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

   Webradio