• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုသည် အာဖရိကတိုက်နှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးဟု ကူတာရက်စ်ဆို

(GMT+08:00) 2018-09-01 10:04:37

       ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကူတာရက်စ်က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုသည် အာဖရိကတိုက်အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး အတွက်လည်း အလွန်အရေးကြိးကြောင်း သြဂုတ်လ ၃၀ ရက်နေ့က နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        ဒေသစံတော်ချိန် သြဂုတ်လ ၃၀ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကူတာရက်စ်သည် တရုတ်ပြည်၌ ကျင်းပတော့မည့် ၂၀၁၈ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပီကင်းထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ခရီးမထွက်ခင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ တရုတ်မီဒီယာများ၏ ပူးတွဲအင်တာဗျူးကို လက်ခံခဲ့ရာ ထိုသို့ပြောကြားသွားခြင်းဖြစ်သည်။

   Webradio