• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သည် နိုင်ငံအများစုနှင့် ဘက်စုံ ကုန်သွယ်ရေး စနစ်ကို ဆက်လက် ပြတ်သားစွာ လက်တွဲ ထိန်းသိမ်းကာကွယ်မည်ဟု တရုတ်ဆို

(GMT+08:00) 2018-08-31 15:07:27

    တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောဖုန်းက ယခုလ ၃၀ရက်နေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်-အမေရိကန် စီးပွား ကုန်သွယ်ရေး အထစ်အငေါ့နှင့် ပတ်သက်သော မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ အမေရိကန်မှ ကုန်သွယ်ရေး စစ်ပွဲ လှုံ့ဆော်ခြင်းကို တရုတ်ပြည် အနေနှင့် မမြင်လိုကြောင်း၊ တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန် ဖြည့်ဆည်းခြင်းနှင့် အပြန်အလှန် အကျိုးရှိစေခြင်း ရှိသည်၊ တန်းတူညီမျှရေး၊ စိတ်ရင်းစေတနာနှင့် သစ္စာစောင့်သိခြင်း အခြေခံပေါ်တွင် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် တရုတ်-အမေရိကန် ကုန်သွယ်မှု အထစ်အငေါ့ ဖြေရှင်းရေး အတွက် မှန်ကန်သော နည်းလမ်း ဖြစ်သည်ဟု တရုတ်ပြည်က တလျှောက်လုံး ယူဆကြောင်း၊ တရုတ်နှင့် အမေရိကန်တို့သည် လက်တွဲ ကြိုးပမ်းပြီး တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ဆက်ဆံမှုကို အတူ ထိန်းသိမ်းကာကွယ်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio