• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် သတ္တမအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကို ကျင်းပမည်

(GMT+08:00) 2018-08-30 15:06:10

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် သတ္တမအကြိမ်မြောက် ဝန်ကြီး အဆင့် အစည်းအဝေးကို စက်တင်ဘာလ ၂ရက်နေ့တွင် ပီကင်းမြို၌ ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ နှင့်  ကုန်သွယ်ရေး ဝန်ကြီး ကျုံးစန်းတို့သည် ဖိုရမ် ပူးတွဲ သဘာပတိနိုင်ငံ တောင်အာဖရိက နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီးတို့နှင့် အစည်းအဝေးကို အတူတူဦးစီးကျင်းပကြမည်ဖြစ်ကြောင်း၊ အာဖရိကမှ အခြားဖိုရမ်အဖွဲ့ဝင်၅၃နိုင်ငံမှ နိုင်ငံခြားရေး နှင့် နိုင်ငံတကာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တာဝန်ယူထားသော ဝန်ကြီး၊ သို့မဟုတ် ကိုယ်စားလှယ်များသည် အစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်ကြောင်း၊ ယခုအကြမ် အစည်းအဝေး၏ အဓိကတာဝန်မှာ စက်တင်ဘာလ ၃ရက်နေ့မှ ၄ရက်နေ့အထိ ကျင်းပမည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ပီကင်း ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယဉ်က သြဂုတ်လ ၂၉ရက်နေ့က ထုတ်ပြန်ခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

   Webradio