• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာအိုနှင့် တရုတ်ချမ်ရှားအသက်မွေးဝမ်းကျောင်းအတတ်ပညာ ပျိုးထောင်ရေး တက္ကသိုလ်များသည် အသက်မွှေးဝမ်းကျောင်း ပညာရေးစံချိန်ကို လက်တွဲလေ့လာ

(GMT+08:00) 2018-08-30 14:18:18

ယခုလ ၂၉ရက်နေ့က လာအိုနိုင်ငံ ပညာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်နိုင်ငံ ချမ်ရှားအသက်မွေးဝမ်းကျောင်းအတတ်ပညာ ကောလိပ်နှင့်အတူ  ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှု စာချုပ်ချုပ်ဆိုခဲ့ကြကြောင်း၊ နှစ်ဘက်သည် ပညာတော်သင်များအား ချမ်ရှားသို့လာရောက်ရန် ခေါ်ယူခြင်းနှင့် ပညာပေးခြင်းကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ခေတ်မီဝန်ဆောင်ရေး ကျွမ်းကျင်မှုနှင့် စမတ်ထုတ်လုပ်ရေး ကျွမ်းကျင်မှုနယ်ပယ်နှစ်ခုတွင် အဓိက ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ လာအိုနှင့်ကိုက်ညီသော အသက်မွှေးဝမ်းကျောင်း အတတ်ပညာစံချိန်နှင့် လူကောင်းလူတော်ပျိုးထောင်ရေး စနစ်ကို လေ့လာမည်ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

   Webradio