• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာမိသားစုကြီးသည် ရခိုင် ပြဿနာ ဖြေရှင်းရန်အတွက် အပြုသဘော ဆောင်သော ကူညီမှုများ ပေးသင့်သည်ဟု ဟွာချွင်ယဉ် ဆို

(GMT+08:00) 2018-08-30 09:55:32

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ မျက်မှောက် အခြေအနေတွင် နိုင်ငံတကာ မိသားစုကြီး အနေနှင့် ခက်ခဲစွာ ရရှိသည့် ရခိုင် ပြဿနာ ဖြေရှင်းရေးဆိုင်ရာ အပြုသဘောဆောင်သော တိုးတက်မှုများကို တန်ဖိုးထားပြီး၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ဆွေးနွေးပွဲကို တွန်းအားပေးရန်နှင့် လက်တွေ့ကျ ပြဿနာများ ဖြေရှင်းရန် အတွက် အပြုသဘော ဆောင်သော ကူညီမှုများကို ပေးသင့်ကြောင်း ယခုလ ၂၉ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ဟွာချွင်ယဉ်က၊ ရခိုင်ပြဿနာသည် ရှုပ်ထွေးသည့် သမိုင်း၊ တိုင်းရင်းသားနှင့် ဘာသာရေးဆိုင်ရာ အကြောင်းရပ်များနှင့် ဆက်စပ်သဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့ နှစ်ဖက် တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် သင့်လျော်စွာ ကိုင်တွယ် ဖြေရှင်း သင့်ကြောင်း ပြောကြားပါသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မကြာမီက မြန်မာ ပြဿနာဆိုင်ရာ တံခါးဖွင့် အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio