• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်လုပ်ငန်းကုမ္ပဏီများသည် တရုတ်-အမေရိကန် ကုန်သွယ်ရေး အငြင်းပွါးမှု ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေ

(GMT+08:00) 2018-08-30 09:53:42

အမေရိကန်က တရုတ်ကုန်ပစ္စည်းအပေါ် အခွန် တိုးကောက်ခြင်းကိစ္စနှင့် ပတ်သက်ပြီး တရုတ် ကျွမ်းကျင်ပညာရှင်များက၊ တရုတ် လုပ်ငန်း ကုမ္ပဏီများသည် ရင်ဆိုင် ဖြေရှင်းရန် ပြင်ဆင်မှုများကို ပြည့်ပြည့်စုံစုံ ပြုလုပ်နေပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ အပါအဝင် ကိုယ့်ကိစ္စရပ်များကို ဆက်လက် ကောင်းမွန်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ စီးပွါးရေး ခိုင်ခံ့မှု၊ ပျော့ပျောင်းမှု၊ စက်မှု စည်းစနစ် စုံလင်မှုနှင့် ကြီးမားသော ဈေးကွက် ဝယ်လိုအား စသည့် နယ်ပယ်များကို သုံးသပ်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် ယုံကြည်စိတ် ရှိပါကြောင်း မကြာမီက ပီကင်း၌ ပြောကြားခဲ့ကြပါသည်။

ယခု လောလောဆယ်တွင် အမေရိကန်သည် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး ဝါဒကို ကျင့်သုံးပြီး နိုင်ငံ ၃၀ ကျော် အပေါ် ကုန်သွယ်ရေး အရေးယူမှုများကို ပြုလုပ်နေသည်။ အမေရိကန် ပြည်ထောင်စု သိုလှောင်ရေးဘဏ်မှ နောက်ဆုံးရ စစ်တမ်း ကောက်ယူမှု ရလဒ်အရ၊ ကုန်သွယ်ရေး အငြင်းပွါးမှုကြောင့် အမေရိကန် ကုန်ထုတ်လုပ်မှု လုပ်ငန်း ကုမ္ပဏီ ၆၈ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှု လုပ်ငန်း ကုမ္ပဏီ ၄၄ ရာခိုင်နှုန်း၏ ကုန်ကျစရိတ် များစွာ မြင့်တက်စေပြီး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်း ကုမ္ပဏီ ၃ ပုံ ၁ ပုံနှင့် ဝန်ဆောင်မှု လုပ်ငန်း ကုမ္ပဏီ ၄ ပုံ ၁ ပုံ၏ နိုင်ငံခြား၌ ရောင်းချမှု ပမာဏ များစွာ လျော့နည်း လာစေပြီ ဖြစ်ကြောင်း သိရပါသည်။

   Webradio