• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုမိုများပြားသောအမေရိကန်-တောင်ကိုးရီးယားပူးတွဲစစ်ရေးလေ့ကျင့်ပွဲကို ရပ်ဆိုင်းရန် အစီအစဉ်မရှိုဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဆို

(GMT+08:00) 2018-08-29 17:05:09

အမေရိကန်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး မတီစ်က အမေရိကန်နိုင်ငံသည် မူလအစီအစဉ်အတိုင်း တောင်ကိုးရီးယားနိုင်ငံနှင့် ပူးတွဲကျင်းပမည့် အဓိက စစ်ရေးလေ့ကျင့်ပွဲများကို ရပ်စဲသော်လည်း အခြားပူးတွဲစစ်ရေးလေ့ကျင့်ပွဲများကို ရပ်စဲရန် အစီအစဉ်မရှိကြောင်း  ယခုလ၂၈ရက်နေ့က ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

ယခုနှစ်ဇွန်လ၂၂ရက်နေ့က အမေရိန်ကန်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌါနက အမေရိကန်-မြောက်ကိုးရီးယားထိပ်သီးခေါင်းဆောင်များ စင်ကာပူတွေ့ဆုံပွဲ၏ ရလဒ်များကို အကောင်အထည်ဖော်ဆောင်ရန်အတွက်ဝန်ကြီးမာတိစ်သည် အမေရိကန်- တောင်ကိုးရီးယား ပူးတွဲစစ်ရေးလေ့ကျင့်ပွဲအချို့ကို အချိန်ကန့်သတ်ချက်မရှိဘဲ ရပ်စဲသည်ဟု ကြေညာခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio