• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပြည်သူ့တရားရုံးချုပ် နိုင်ငံတကာ ကုန်သွယ်မှုရေးရာ ကျွမ်းကျင်ပညာရှင်များ ကော်မတီ တည်ထောင်

(GMT+08:00) 2018-08-27 09:32:08

တရုတ် ပြည်သူ့တရားရုံးချုပ် နိုင်ငံတကာ ကုန်သွယ်မှုရေးရာ ကျွမ်းကျင်ပညာရှင်များ ကော်မတီကို ယခုလ ၂၆ ရက်နေ့က ပီကင်း၌ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်ပညာရှင် ၃၂ ဦးကို ပထမ အသုတ် ကော်မတီဝင်များ အဖြစ် ဖိတ်ခေါ် ထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် ထိပ်တန်း တရားသူကြီး၊ ပြည်သူ့တရားရုံးချုပ်မှ တရားသူကြီးချုပ် ကျိုးချန်က၊ နိုင်ငံတကာ ကုန်သွယ်မှုရေးရာ ကျွမ်းကျင်ပညာရှင်များ ကော်မတီကို ဖွဲ့စည်း တည်ထောင်သည့် ရည်ရွယ်ချက်မှာ နိုင်ငံတကာ ကုန်သွယ်မှုရေးရာ တရားခုံရုံး၏ စုံစမ်း စီရင်ရေးလုပ်ငန်းများ ချောမောစွာ ဆောင်ရွက်နိုင်ဖို့ အာမခံ ပေးရန်နှင့် တွန်းအား ပေးရန်၊ ယင်းသည် Belt and Road နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ အငြင်းပွါးမှုများ ကိုင်တွယ် ဖြေရှင်းရေးစနစ် ထူထောင်ရေး နယ်ပယ်တွင် တိုးတက်မှုသစ် ရရှိပြီဟု ပြသနေကြောင်း၊ ယင်းကော်မတီကို ဖွဲ့စည်းခြင်းသည် နိုင်ငံတကာ ကုန်သွယ်မှုရေးရာ အငြင်းပွါးမှုများကို တရားမျှတပြီး ဥပဒေ အရ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ချက်ပင် ဖြစ်သည့်အပြင်၊ အတူ တိုင်ပင်၊ အတူ တည်ဆောက်၊ အတူ မျှဝေရေးမူကိုလည်း ပေါ်လွင်လာစေကြောင်း ပြောကြားပါသည်။

တရုတ်ပြည်သူ့တရားရုံးချုပ်သည် Belt and Road အဆိုပြုချက်တွင် ပါဝင်သော နိုင်ငံများ၏ ဥပဒေဆိုင်ရာ အချက်အလက်များဘဏ်ကို အမြန်ဆုံး တည်ထောင်မည် ဖြစ်ပြီး တရားသူကြီးများနှင့် ကျွမ်းကျင်ပညာရှင်များ ကော်မတီအတွက် အင်တက်လစ်ဂျင် ဝန်ဆောင်မှုများပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio