• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိကို မွန်ဂိုလီးယား နိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2018-08-26 16:19:36

ယခုလ ၂၅ရက်နေ့က မွန်ဂိုလီးယား နိုင်ငံ ဝန်ကြီးချုပ် ဟူရယ်လ်စူဟ်သည် အူလန်းဘားတားမြို့တော်တွင် အလည်အပတ် ရောက်ရှိနေသော တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဟူရယ်လ်စူဟ်က မွန်ဂိုလီးယားနှင့် တရုတ် နှစ်နိုင်ငံသည် ထာဝစဉ် အိမ်နီးချင်းနိုင်ငံနှင့် ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နှစ်နိုင်ငံ ဆက်ဆံမှုသည် အဆင်ပြေစွာ ဖွံ့ဖြိုးတိုးတက်နေပြီး အိမ်နီးချင်း နိုင်ငံများ အကြား ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရေး အတွက် စံနမူနာ စိုက်ထူနေကြောင်း၊ မွန်ဂိုလီးယား နိုင်ငံ အနေနှင့် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ခိုင်မာ ပြတ်သားစွာ စွဲကိုင်ကြောင်း၊ နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာ များစွာရှိကြောင်း ပြောကြားသည်။

ဝမ်ယိက တရုတ်နှင့် မွန်ဂိုလီးယား နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ် နေသော အိမ်နီးချင်းကောင်း နိုင်ငံ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကြား ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် တရုတ်-မွန်ဂိုလီးယား ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ခိုင်မာစေရေးသည် နှစ်နိုင်ငံတို့၏ တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှု ဖြစ်ကြောင်း ပြောကြားသည်။

   Webradio