• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှားနှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-08-25 13:11:07

ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး Çavusoglu တို့က ၂ နိုင်ငံတို့အနေနှင့်၊ နယ်ပယ်များစွာတို့၌ အားဖြည့်ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း ယမန်နေ့ ၂၄ ရက်နေ့က ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုနေ့က တူရကီနိုင်ငံခြားရေးဝန်ကြီး Çavusoglu သည်၊ ရုရှားနိုင်ငံ၌ တိုတောင်းစွာ ခရီးလှည့်လည်ခဲ့သည်။ ၂ နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတို့သည်၊ နှစ်ဖက်ဆက်ဆံမှု၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာပြဿနာများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့သည့်အပြင်၊ ဆီးရီးယားအခြေအနေရေးရာများကို အဓိကဆွေးနွေးခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio