• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အခွန် ဆက်လက် တိုးကောက်မှာလား၊ အမေရိကန် ကုမ္ပဏီများ စိတ်ညစ် စိတ်ပျက်နေ

(GMT+08:00) 2018-08-23 09:27:58

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးဟာ အမေရကန် ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်း အပေါ် အခွန် တိုးတက်ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဒီလ ၂၀ ရက်နေ့မှာ ၆ ရက်ကြာ ကြားနာပွဲကို ပြုလုပ်တယ်။

အမေရိကန် လုပ်ငန်း ကုမ္ပဏီများအဖို့ အခွန် တိုးကောက်ခြင်းကြောင့် ဖြစ်စေနိုင်တဲ့ ထိခိုက် ဂယက်ရိုက်ခတ်မှုကို ရှောင်ရှားဖို့ နည်းလမ်းဟာ နှစ်ခုသာ ရှိတယ်၊ ပထမ နည်းလမ်း ကတော့ လွတ်ငြိမ်းခွင့် ရှာကြံဖို့ ဖြစ်ပြီး နောက် နည်းလမ်း တစ်ခု ကတော့ အခွန် တိုးကောက်တဲ့လုပ်ရပ်ကို စွန့်လွှတ်ရန် အစိုးရအား ဖျောင်းဖျနားချဖို့ ဖြစ်တယ်။ ဒါပေမဲ့ လွတ်ငြိမ်းခွင့် ရှာကြံဖို့ဟာ သိပ်မလွယ်လှပါ။ သံမဏိ ဆိုင်ရာ အခွန် ကောက်ယူရေးကို ဥပမာတင် ပြောမယ် ဆိုရင်၊ ဒီနှစ် မေလကစပြီး အမေရိကန် လုပ်ငန်းကုမ္ပဏီများဟာ အခွန် လွတ်ငြိမ်းခွင့်ဆိုင်ရာ လျှောက်လွှာ ၂ သောင်းကျော်ကို တင်သွင်းခဲ့တယ်၊ ဒါပေမဲ့ ခုချိန် အထိ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနဟာ တစ်ခုကိုမှ ခွင့်ပြုခြင်း မရှိဘူး။

ဝေါစထရိ နေ့စဉ်သတင်းစာမှာ၊ ဒီအကြိမ် ကြားနာပွဲ တက်ရောက်သူများက အခွန် ကင်းလွတ်ခွင့် ရယူနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေကြတယ်၊ လွတ်ငြိမ်းခွင့် လျှောက်ထားတဲ့ ကုမ္ပဏီ တိုးလာတာကို ရင်ဆိုင်နေရတဲ့ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနဟာ ပြဿနာ ဖြေရှင်းရန် နည်းလမ်းကို ရှာကြံပေးဖို့ လွန်စွာ ခက်ခဲနေတယ်လို့ ရေးသားဖေါ်ပြထားပါတယ်။

ကန့်ကွက်မှု တင်ပြတာနဲ့ အစိုးရအား ဖျောင်းဖျနားချတာရဲ့ ရလဒ်နဲ့ ပတ်သက်ပြီး ပြောမယ် ဆိုရင်၊ ဒီနှစ် ဇူလိုင်လ တတိယ ဆယ်ရက်ပိုင်းမှာ ကျင်းပခဲ့တဲ့ ဒေါ်လာ ၁၆ ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းအပေါ် အခွန် တိုးကောက်ရေး ဆိုင်ရာ ကြားနာပွဲမှာ၊ အဆိုတင်သွင်းချက် ပြောကြားတဲ့ ကိုယ်စားလှယ် ၈၂ ဦး ထဲမှာ ၆ ဦးသာ ခွန် တိုးကောက်ဖို့ ထောက်ခံတယ်။ တစ်နည်းပြောမယ်ဆိုရင် အဲဒီကြားနာပွဲကို တက်ရောက်သူများ ၉၀ ရာခိုင်နှုန်းဟာ အခွန် တိုးကောက်ဖို့ ကန့်ကွက်တယ်။ ဒီလို ဖြစ်ပေမဲ့ အမေရိကန် အစိုးရဟာ အခွန် တိုးကောက်ဖို့ ဇွတ်အတင်း ဆုံးဖြတ်ခဲ့တယ်။

ဒါကြောင့် ဒီအကြိမ်လည်း အမေရိကန် လုပ်ငန်းရှင်များရဲ့ ကန့်ကွက်မှု ပြုကြတဲ့ သဘောအပေါ် မျှော်လင့်ချက် များများ ထားလို့ မရဘူး။ အမေရိကန် အစိုးရဟာ ထင်သလို တဇွတ်ထိုးလုပ်နိုင်ခြေ များတယ်လို့ ခန့်မှန်းရပါတယ်။

၂၀ ရက်နေ့က အမေရိကန် ပြည်လုံးဆိုင်ရာ စီးပွါးကုန်သွယ်ရေးအသင်းဟာ စီးပွါးရေး ပညာရှင် ၂၅၁ ဦး ပါဝင်တဲ့ နှစ်ဝက်တာ စီးပွါးရေး မူဝါဒ စုံစမ်းမှု အစီရင်ခံစာကို ထုတ်ပြန်ပြီး စီးပွါးရေး ပညာရှင် ၉၁ ရာခိုင်နှုန်းဟာ အမေရိကန် အစိုးရရဲ့ သွင်းကုန် အပေါ် အခွန် တိုးကောက်ခြင်းနဲ့ တိုးကောက်မယ့် လုပ်ရပ်ဟာ အမေရိကန် စီးပွါးရေးကို ပြင်းပြင်းထန်ထန် ဆိုးကျိုး ဖြစ်စေမယ်လို့ ယူဆကြတယ်။

အမေရိကန် သမ္မတ ထရန့်က သတင်းထောက်နဲ့ တွေ့ဆုံရာမှာ၊ တရုတ်-အမေရိကန် အခွန်ဆိုင်ရာ အငြင်းပွါးမှု ဖြေရှင်းဖို့ ကျွန်တော်က အချိန်ဇယား မရှိဘူး၊ ကျွန်တော်ဟာ တရုတ်ပြည်လို ရေရှည် သုံးသပ် စဉ်းစားရတယ်လို့ ပြောတယ်။ ဆိုလိုတာက အမေရိကန်ဟာ အခွန် တိုးကောက်ခြင်းကြောင့် လုံလောက်တဲ့ဖိအားကြီးနဲ့ တရုတ်ပြည်အား အညံ့ခံ အရှုံးပေးဖို့ စောင့်နေပါတယ်၊ ပြီးမှ စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်မယ်၊ ဒါမှ အမေရိကန်ဘက်က အားသာချက်ရှိတဲ့နေရာကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်။

ဒါပေမဲ့ အမေရိကန်ဟာ ပြိုင်ဘက် ရွေးတာ မှားတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ကမ္ဘာလုံး အပေါ် ရန်စနေတဲ့ အမေရိကန်ကို ရင်ဆိုင်လျက်၊ တရုတ်နိုင်ငံဟာ တရားမျှတရေး အရ အားသာချက် ပိုင်ဆိုင်ထားရှိတယ်။ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွါးရေး အုပ်စု အနေနဲ့ တရုတ်နိုင်ငံဟာ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းဖို့ ဝတ္တရားလည်း ရှိပါတယ်။

   Webradio