• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် လာမည့်သုံးနှစ်အတွင်း ဆင်းရဲမှု လျှော့ချရေး စီမံကိန်း ထုတ်ပြန်

(GMT+08:00) 2018-08-21 08:47:14

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့သည် လာမည့် သုံးနှစ်အတွင်း ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း စီမံကိန်းကို မကြာမီက ထုတ်ပြန် ခဲ့ကြောင်း၊ ယင်းစီမံကိန်းတွင် တရုတ်ပြည် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း အရပ်အရပ်၏ အချိန်ဇယားနှင့် လမ်းစဉ်မြေပုံကို ချမှတ်ပြီး တရုတ်ပြည်၏ အနာဂတ် ဆင်းရဲမှု လျှော့ချရေး မူဝါဒများတွင် လွန်စွာ ဆင်းရဲသောဒေသများနှင့် အထူး ဆင်ရဲသော လူအုပ်အား အလေးထား ဆောင်ရွက်ပေးရမည်ဟု ဖေါ်ပြထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်ပြည်တွင် ဆင်းရဲသူ ဦးရေ ၆၈၅ သန်းကျော် လျော့နည်းလာပြီ ဖြစ်သော်လည်း တရုတ်ပြည် ချမှတ်သည့် ရည်မှန်းချက်အရ လာမည့် သုံးနှစ်အတွင်း ကျေးလက်နေ ဆင်းရဲသူ သန်း ၃၀ ခန့် ဆင်းရမှု ပပျောက် စေရမည်ဟု သိရပါသည်။

တရုတ် နိုင်ငံတော်ကောင်စီ ဆင်းရဲမှု ပပျောက်ရေးနှင့် ဖွံ့ဖြိုးရေး ဦးဆောင်အဖွဲ့ရုံး ဒုဥက္ကဋ္ဌ အိုချင်ဖိန်က၊ အထက်ပါ ဆင်းရဲသူ သန်း ၃၀ အနက် အများစုမှာ သက်ကြီးရွယ်အို၊ ရောဂါသည်နှင့် မသန်စွမ်းသူများ ဖြစ်ပြီး ဆင်းရဲမှု ပပျောက်ရန် ဆောင်ရွက်ရာ၌ အခက်အခဲများစွာကို ကြုံတွေ့ရမှာ ဖြစ်ကြောင်း ပြောကြားပါသည်။

ဗဟို ကျေးလက် လုပ်ငန်း ဦးဆောင်အဖွဲ့ရုံး ဒုဥက္ကဋ္ဌ ဟန်ကျွင့်က၊ မိမိတို့သည် ဆင်းရဲသောဒေသများ၌ ဖွံ့ဖြိုးတိုးတက်ရေး ပတ်ဝန်းကျင် ကောင်းမွန် လာအောင် အားဖြည့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လွန်စွာ ဆင်းရဲသော ဒေသများ၌ ဆင်းရဲမှု လျှော့ချနိုင်ရန် မူဝါဒအရ ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ယင်းစီမံကိန်းအရ၊ ၂၀၂၀ ပြည့်နှစ် ရောက်သည့်အခါ ကျေးလက် ဒေသ ဆင်းရဲသူများ ဆင်းရဲမှု လျှော့ချစေရမည် ဖြစ်ပြီး လွန်စွာ ဆင်းရဲမှု လုံးဝ ပပျောက် စေရမည် ဖြစ်ကာ ဆင်းရဲသော ခရိုင် အားလုံး ဆင်းရဲမှု ပပျောက်စေရမည် ဖြစ်ကြောင်း သိရပါသည်။

   Webradio