• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စီးပွားရေးထိခိုက်မှုကို ခုခံနိုင်စွမ်းရှိဟု အယ်လ်ဒိုဂန်ဆို

(GMT+08:00) 2018-08-14 14:37:29

တူရကီသမ္မတအယ်လ်ဒိုဂန်က ယမန်နေ့ ၁၃ ရက်နေ့က အန်ကာလာမြို့တော် မိန့်ခွန်းပြောကြား ရာတွင် တူရကီစီးပွားရေးသည် ထိခိုက်မှုခံနေရသော်လည်း တူရကီနိုင်ငံအနေနှင့် ယင်းထိခိုက်မှုကို ခုခံနိုင်စွမ်းရှိ ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

အယ်လ်ဒိုဂန်က လက်ရှိတူရကီစီးပွားရေးသည် တည်ငြိမ်ခိုင်ခံ့ပြီးပြည့်စုံကြောင်း၊ တူရကီ လီရာငွေ လဲလှယ်နှုန်းသည် တရားနည်းလမ်းကျသည့်ဘောင်အတွင်း ရှိလိမ့်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio