• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမအကြိမ် "ကျွနုပ်တရုတ်ခရှီးစဉ်"မျှဝေ​ခံ​စား​ပွဲ မော်လဒိုက်၌ အောင်မြင်စွာ ကျင်းပ

(GMT+08:00) 2018-08-14 14:29:25
မော်လဒိုက် ဆိုင်ရာတရုတ်သံရုံးဦးဆောင်ပြီး တရုတ်-မော်လဒိုက်ယဉ်ကျေးမှုကူးလူးဖလှယ် ရေးအသင်း နှင့်အတူ ပူးတွဲကျင်းပသော ပထမအကြိမ် "ကျွနုပ်တရုတ်ခရှီးစဉ်" မျှဝေခံစားပွဲကို ယခုလ ၁၁ရက်နေ့က မော်လဒိုက်၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ မော်လဒိုက်၌ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ၊ ဆရာဝန်၊ တက္ကသိုလ် ဆရာဆရာမ၊ အစိုးရ၀န်ထမ်းနှင့် ကျောင်းသူကျောင်းသားကိုယ်စားလှယ်များက မျှဝေခံစားပွဲ၌ တရုတ်တွင် ၄င်းတို့၏အကြားအမြင်နှင့် အတွေ့အကြုံများကို ပြောကြားခဲ့ကြောင်း၊ တရုတ်ပြည်သို့ ခရီးလှည့်လည်ခဲ့ဖူးသော အစိုးရ၀န်ထမ်း၊ မီဒီယာသမားများနှင့် ကျောင်းသူကျောင်းသား တစ်ရာကျော် တက်ရောက်ခဲ့ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

မော်လဒိုက် ဆိုင်ရာတရုတ်သံအမတ်ကြီး ကျန်းလိကျုံးက မျှဝေခံစားပွဲ၌ ၂၀၁၄ခုနှစ်က တရုတ်နိုင်ငံတော်ဥက္ကဌ ရှီကျင့်ဖိန်သည် မော်လဒိုက်သို့ သမိုင်းဝင် တရားဝင်ခရီး လှည့်လည်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံမှုကဏ္ဍသစ်သို့ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

   Webradio