• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျာမဏီစီးပွားရေးလောကသည် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးကို ပြတ်သားစွာ ကန့်ကွက်

(GMT+08:00) 2018-08-13 15:50:43

အမေရိကန်အစိုးရမှ သြဂုတ်လ ၂၃ရက်နေ့မှ အမေရိကန် ဒေါ်လာ ၁၆ဘီလီယံ တန်ဖိုးထားသော တရုတ်ပြည်ထုတ် ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ရာခိုင်နှုန်း စတင်ကောက်ယူမည်ဟု ထုတ်ပြန်သည်နှင့်အမျှ တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲ၏ အခြေအနေ တဆင့်တိုး အရှိန်မြင့်လာကြောင်း၊ ယင်းကိစ္စ၏ တိုးတက်မှုအပေါ် ဂျာမဏီ စီးပွားရေး လောကသည် ဆက်လက်လွန်စွာ အာရုံစိုက်မည်ဖြစ်ပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မှန်သမျှကို ပြတ်သားစွာ ကန့်ကွက်သည်ဟု ဖော်ပြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ်နှင့်ဂျာမဏီတို့သည် ကမ္ဘာပေါ်၌ အရေးကြီး စီးပွားရေးအုပ်စု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးနိုင်ငံကြီးနှစ်နိုင်ငံအနေနှင့် ကမ္ဘာ့စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြပြီး ဘက်စုံ ကုန်သွယ်ရေး စနစ်ကို အတူထိန်းသိမ်းစောင့်ရှောက်ကြ၍ တံခါးဖွင့်သည့်ဈေးကွက်နှင့် လွတ်လပ်သော ကုန်သွယ်ရေးကို ထောက်ခံကြကာ အပြန်အလှန် တံခါးဖွင့်ရေးနှင့် အပြန်အလှန် ရင်းနှီးမြှုပ်နှံရေးကို တိုးမြှင့်ရန် လက်တွဲဆောင်ရွက်ကြသင့်ကြောင်း ဂျာမဏီ ပြည်ထောင်စု နိုင်ငံခြားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးရုံး ဥက္ကဋ္ဌ Dr. Jürgen Friedrichက ပြောကြားပါသည်။

   Webradio