• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထရန့်အစိုးရဖြစ်ချိန်တွင် အမေရိကန်-ဥရောပ ဆက်ဆံမှု ရှေ့အလားအလာ မရှိ

(GMT+08:00) 2018-08-03 17:30:10

ဒုတိယ ကမ္ဘာစစ် အပြီးတွင် အမေရိကန်နှင့် ဥရောပတို့သည် မဟာမိတ်အဖွဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊ ထို့နောက် နှစ်ဖက် ဆက်ဆံမှုသည် အဆက်မပြတ် ပြောင်းလဲကြောင်း၊ စစ်အေးကာလတွင် အမေရိကန်သည် အားကောင်းပြီး ဥရောပကတော့ အားနည်းကြောင်း၊ စစ်အေးကာလ အပြီးတွင် နှစ်ဖက်တို့သည် အချင်းချင်း ခွက်စောင်းခုတ် ကြကြောင်း၊ ၂၀၁၇ခုနှစ်က ထရန့် အစိုးရ တက်လာခဲ့သည့် နောက်ပိုင်းတွင် ဥရောပ အပေါ် ထရန့်မှ အထင်သေးခြင်းနှင့် ဖိနှိပ်ခြင်း ဆောင်ရွက်မှုများကြောင့် အမေရိကန်နှင့် ဥရောပ အကြားရှိ သွေးကွဲမှု အဆက်မပြတ် တိုးပွားလာပြီး နှစ်ဖက် ဆက်ဆံမှု၏ အခြေခံ အနှစ်သာရ အပေါ် အသိအမြင်ကို ပြောင်းလဲစေခဲ့ကြောင်း၊ မကြာခင်က အမေရိကန်နှင့် ဥရောပတို့သည် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ကြေညာချက်ကို ချုပ်ဆိုခဲ့သော် လည်း နှစ်ဖက် ဆက်ဆံမှု တစ်ဆင့် ကျဆင်းသွားနေသည့် အခြေအနေ အတွက် အထောက်အကူ မရှိကြောင်း စီအာအိုင်က ဖော်ပြသည်။

စစ်အေးကာလတွင် ဥရောပသည် အမေရိကန်၏ လုံခြုံရေး အာမခံမှုကို မှီခိုအားထား ၍ မဟာမိတ်အဖွဲ့တွင် အားနည်းသည့် မိတ်ဖက်ဖြစ်ကြောင်း၊ စစ်အေးကာလ အပြီးတွင် ဥရောပ တပြေးညီ ဖြစ်စေရေး ဆောင်ရွက်ရာ၌ အနောက် ဥရောပ စီးပွားရေး အသိုက်အဝန်းသည် ဥရောပ သမဂ္ဂ အဖြစ်သို့ အဆင့်တိုးမြင့်လာကြောင်း၊ တစ်ကမ္ဘာလုံး တွင် ဥရောပ သမဂ္ဂ၏ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ သြဇာညောင်းမှုသည် လျင်မြန်စွာ တိုးပွားလာပြီး အမေရိကန်၏ အဆင့်နေရာနှင့် ညီမျှလာကြောင်း၊ နှစ်ဖက် အကြားရှိ အင်အား နှိုင်းယှဉ်မှုသည် အရင်းအမြစ်မှနေ ပြောင်းလဲလာခဲ့ကြောင်း၊ ဥရောပ သမဂ္ဂက ဂလိုဘယ်လိုက်ဇေးရှင်း ရှိသော်လည်း အလွန်တကွဲတပြား ဖြစ်နေသော ကမ္ဘာပေါ်တွင် မိမိတို့သည် ကမ္ဘာ့ စီမံခန့်ခွဲရေး၏ "အမြုတေနှင့် စံနမူနာ" ဖြစ်လိုသည်ဟု ဖော်ပြကြောင်း၊ နိုင်ငံတကာ ရေးရာများတွင် ဥရောပ သမဂ္ဂသည် ဘက်ပေါင်းစုံ ဝါဒကို စွဲကိုင်ပြီး အမေရိကန်မှ တောင်းဆိုချက်များကို ငြင်းဆိုရဲကြောင်း၊ အမေရိကန်ကတော့ ဥရောပ နိုင်ငံများကို တကွဲတပြားဖြစ်အောင် ကြံစည်နေကြောင်း၊ ဥရောပသည် နေတိုးအဖွဲ့အား အခြေအနေသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီး ဥရောပ၏ ပြောဆိုပိုင်ခွင့်ကို တိုးပွားစေရန် တောင်းဆိုကြောင်း၊ အမေရိကန် ကတော့ တစ်ဖက်က ဥရောပအား နေတိုးအဖွဲ့၏ စစ်ရေးစရိတ်များကို ပိုပြီး ခွဲဝေထမ်းဆောင်ကာ နေတိုးအဖွဲ့မှ စီစဉ်ပေးမှုကို နာခံရန် ဖိအားပေးကြောင်း၊ နောက်တစ်ဖက် ကတော့ ဥရောပ သမဂ္ဂမှ ပူးတွဲ ကာကွယ်ရေး၏ တိုးတက်မှုကို ကန့်သတ်နေကြောင်း၊ အမေရိကန်-ဥရောပ လွတ်လပ် သောကုန်သွယ်ရေးဇုန် ဆွေးနွေးပွဲတွင် ကြုံတွေ့ရသော ပြဿနာများကို ယခုအထိ မဖြေရှင်းရ သေးဘဲ ၄င်းဆွေးနွေးပွဲကို ဘေးဖယ်ထားနေကြောင်း၊ နှစ်ဖက်တို့ အကြား အကျိုးစီးပွား ဆိုင်ရာ အငြင်းအခုံ အမြဲတမ်း ရှိနေကြောင်း၊ ဒီလိုဖြစ်သော်လည်း ယင်းအချိန်ကာလ အတွင်း အမေရိကန်နှင့် ဥရောပတို့ အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု များကို လည်းပြုလုပ်ခဲ့ကြောင်း၊ ဥပမာ ပြောရလျှင် ၄င်းတို့ ပူးပေါင်းပြီး ကိုဆိုဗို စစ်ပွဲကို လှုံ့ဆော်ကာ လစ်ဗျားနိုင်ငံတွင် စစ်ရေး ဝင်ရောက် ကျူးကျော်မှုကိုလည်း ပြုလုပ်ခဲ့ကြ ကြောင်း၊ အမေရိကန်သည် ဥရောပ သမဂ္ဂ၊ ဂျာမဏီ၊ ပြင်သစ်စသည့် နိုင်ငံကြီးများနှင့် ကူးလူးဖလှယ်မှုနှင့် ညှိနှိုင်းဆွေးနွေးမှုများကို ထားရှိခဲ့ကြောင်း၊ နေတိုးအဖွဲ့သည် ဥရောပ သမဂ္ဂကို ဆွဲဆောင်ရန်ကိုလည်း အလေးထားကြောင်း၊ သို့သော် အမေရိကန်နှင့် ဥရောပ အကြား အခြေခံ သဘောကွဲလွဲမှု တစ်ခု ရှိကြောင်း၊ ယင်းသည် အမေရိကန်က ဥရောပကို အမေရိကန်၏ "မဟာဗျူဟာအကျိုးစီးပွား"အတွက် နာခံစေခြင်း ဖြစ်ကြောင်း၊ ဥရောပ သမဂ္ဂ အနေနှင့် ကိုယ့်ခံယူချက်နှင့် အကျိုးစီးပွားရှိ၍ အမေရိကန်ကို လုံးဝ မနာခံကြောင်း စီအာအိုင်က ဖော်ပြသည်။

ယခု ထရန့် အစိုးရ ကျင့်သုံးသည့် မူဝါဒများကြောင့် အမေရိကန်-ဥရောပ ဆက်ဆံမှုကို ကျဆင်းစေပြီး နှစ်ဖက် အကြားရှိ ယှဉ်ပြိုင်မှုရှိသော်လည်း ဆွဲဆောင်မှု ရှိသည့် အစဉ်အလာ ဆက်ဆံမှုကိုလည်း ပြောင်းလဲစေခဲ့ကြောင်း၊ ယင်းအခြေအနေမျိုးတွင် ဥရောပ သမဂ္ဂ အဓိက အဖွဲ့ဝင် နိုင်ငံများသည် ထရန့် အပေါ် အလွန်စိတ်ပျက်မိကြောင်း၊ လုံခြုံရေး၊ ကမ္ဘာ့ စီမံခန့်ခွဲရေးနှင့် စီးပွားရေး ထိန်းချုပ်ပိုင်ခွင့် စသည့် နယ်ပယ်များတွင် အမေရိကန်နှင့် ဥရောပ အကြား ဖြေရှင်းရန် အလွန်ခက်ခဲသော သဘောကွဲလွဲမှုများ ရှိ၍ ထရန့် အစိုးရ ဖြစ်ချိန်တွင် နှစ်ဖက်တို့၏ ဆက်ဆံမှု ရှေ့အလားအလာ မရှိကြောင်း စီအာအိုင်က ဖော်ပြသည်။                          

   Webradio